25 C
Yangon

စစ်ကောင်စီထုတ်သမျှ လျှို့ဝှက် အမိန့်၊ ညွှန်ကြားချက်များ ပေါက်ကြားနေသဖြင့် ဖုန်းဖြင့် အမိန့်ညွှန်ကြားချက်ပေးမည်၊ အရေးကြီးရုံးစာများ ပေါက်ကြားလျှင် ဝန်ထမ်းများကို အရေးယူနေဟုဆို

Must read

ရန်ကုန်၊ မေ ၇

အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်သည့် လျှို့ဝှက်အမိန့်၊ ညွှန်ကြားချက်မှန်သမျှ ပေါက်ကြားနေသဖြင့် ဖုန်းဖြင့် အမိန့်ညွှန်ကြားချက်ပေးရန် ညွှန်ကြားလာကြောင်း နေပြည်တော် သတင်းရင်းမြစ်များထံမှ သိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီက ရုံးစာရွက်စာတမ်းများ၊ လုံခြုံရေးနှင့် လူပုဂ္ဂိုလ်လုံခြုံရေးကိစ္စများ အထူးအလေးထားဆောင်ရွက်ရန်၊ အရေးကြီးရုံးစာရွက်စာတမ်းများ လူမှုကွန်ရက် စာမျက်နှာတွင် ပေါက်ကြားမှု မရှိစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ရန် ၊ လုံခြုံရေးနှင့်ပတ်သက်သည့် အရေးကြီး ကိစ္စများကို စာဖြင့် မညွှန်ကြားဘဲ တတ်နိုင်သမျှ ဖုန်းဖြင့် ညွှန်ကြားရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

ထို့ပြင် အရေးကြီးရုံးစာများ လူမှုကွန်ရက်စာမျက်နှာတွင် ပေါက်ကြားပါက မည်သည့် ဝန်ကြီးဌာနမှ ပေါက်ကြားသည်ကို စိစစ်ဖော်ထုတ်ပြီး အရေးယူဆောင်ရွက်လျက်ရှိသဖြင့် ဌာနများမှ ပေါက်ကြားခြင်း မရှိစေရေး၊ ရုံးစာများကို မသက်ဆိုင်သူများလက်ဝယ်သို့ မရောက်ရှိစေရေး၊ လုံခြုံရေး အသိ သတိရှိစေရေး ဝန်ထမ်းများက လိုက်နာဆောင်ရွက်ကြရန် စစ်ကောင်စီက ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article