25 C
Yangon

ပေါက်မြို့နယ်တောင်ပိုင်း ချက်ကန်ရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် YRF တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၃၀ ခန့်သေဆုံးနိုင်၊ YRF ရဲဘော် ၂ ဦး ကျဆုံး

Must read

ရန်ကုန်၊ မေ ၇

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း ချက်ကန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်ပါးစေ ပျူစောထီး ပူးပေါင်းအင်အား ၇၀ ခန့်ကို Young Revolution Front – YRF က မေလ ၄ ရက်နေ့ နေ့လယ် ၁ နာရီခွဲခန့်တွင် ခုခံတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၃၀ ခန့်သေဆုံးနိုင်ပြီး YRF ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို YRF က အကြိမ်ကြိမ် မိုင်းခွဲတိုက်ခိုက်မှုကြောင့် အကျအဆုံးများစွာဖြင့် ညနေ ၄ နာရီခန့်တွင် ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ယင်းနောက် လူအင်အား ဖြည့်တင်းကာ အင်အား ၁၀၀ ခန့်ဖြင့် ထပ်မံစစ်ကြောင်းထိုးလာမှုကြောင့် လက်နက်အင်အားနှင့် ကျည်မလုံလောက်မှုများကြောင့် ဆုတ်ခွာပေးခဲ့ရကြောင်း YRF ထံမှ သိရှိရသည်။

ယင်းနောက် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ချက်ကန်ရွာကို မီးတင်ရှို့ ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။

ဓါတ်ပုံ – YRF တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article