25 C
Yangon

မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး အတုအယောင် ကမ်းလှမ်းမှုကို တိုင်းရင်းသားလက်နက်ကိုင်များနှင့်အဖွဲ့အစည်းများက ပြတ်ပြတ်သားသား ပယ်ချရန် အကျဉ်းကျခံ နိုင်ငံရေးအကျဉ်းသားများက ကြေညာချက် ထုတ်ပြန်တိုက်တွန်း

Must read

ရန်ကုန်၊ မေ ၈

အကြမ်းဖက်စစ်အာဏာရှင်မင်းအောင်လှိုင်၏ငြိမ်းချမ်းရေးအတွက်ဆွေးနွေးရန်အတုအယောင်ကမ်းလှမ်းမှုအပေါ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ပြတ်ပြတ်သားသားငြင်းပယ်ကြရန် အကျဉ်းကျခံ နိုင်ငံရေးအကျဉ်း သားများက ကြေညာချက်ထုတ်ပြန်၍ တိုက်တွန်းလိုက်ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်က ရရှိထားသော အကျဉ်းကျခံ နိုင်ငံရေးအကျဉ်းသားများ၏ လက်ရေးမူ ကြေညာချက်တွင်

“၁။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ဖြစ်တည်မှုသမိုင်းကြောင်းနှင့် ရပ်တည်ချက်အပေါ်မိမိတို့နိုင်ငံရေးအကျဉ်းသားများကအစဉ်တစိုက်လေးစားအသိအမှတ်ပြုပါသည်။

၂။ ၂၀၂၁ခုနှစ်ဖေဖေါ်ဝါရီလ ၁ ရက်၊ အကြမ်းဖက်စစ်အုပ်စုကနိုင်ထက်စီးနင်းအာဏာသိမ်းချိန်မှစ၍ပြည်သူလူထုနှင့်အတူမားမားမတ်မတ်ရပ်တည်ဆန့်ကျင်ခဲ့သည့်အပေါ်နဖူးတွေ့ဒူးတွေ့ ပိုမိုတန်ဖိုးထား လေးစားမိပါသည်။

၃။ အကြမ်းဖက်စစ်အုပ်စုသည်သမိုင်းခေတ်အဆက်ဆက်မှ ယနေ့တိုင်အောင်တိုင်းရင်းသားလူမျိုးအသီးသီးအပေါ်ညှင်းပန်းနှိပ်စက်သတ်ဖြတ်လျက်ရှိသည်။

အကြမ်းဖက်စစ်အုပ်စု၏ပြည်သူလူထုအပေါ်ကျူးလွန်မှုများကိုတရားစီရင်နိုင်မှသာလျှင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတည်ဆောက်နိုင်မည်ဖြစ်သည်။

၄။ ယနေ့အချိန်အခါတွင်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရန်ပြည်သူလူထုတစ်ရပ်လုံးကအညီညွတ်ဆုံးအင်အားဖြင့်တွန်းလှန်တော်လှန်လျက်ရှိပြီး၊ ပြည်သူလူထုလိုလားတောင်းဆိုသည့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်များကအမြော်အမြင်ကြီးကြီးဖြင့်စွမ်း ဆောင်နိုင်မည်ဟု အပြည့်အဝယုံကြည်မျှော်လင့်ပါသည်။

၅။ အကြမ်းဖက်စစ်အာဏာရှင်မင်းအောင်လှိုင်၏ အတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းမှုသည် မိမိတို့ဘက်က ဖျက်သိမ်းပြီးဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေကို ပြန်လည်အသက်သွင်းရန်ကြိုးပမ်းမှုသာဖြစ်ပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအပါအဝင်မည်သည့်ပြုပြင်ပြောင်းလဲမှုမှဖြစ်နိုင်မည်မဟုတ်ပါ။

ပြည်သူလူထုတစ်ရပ်လုံး၏လိုလားတောင်းတချက်များကိုပြည့်ပြည့်ဝဝ ဖော်ဆောင်နိုင်ရေးသည်အကြမ်းဖက်စစ်အုပ်စုအားအမြစ်ဖြတ်ချေမှုန်းနိုင်ရေး၊ တရားစီရင်နိုင်ရေးနှင့် ဖက်ဒရယ်အနှစ်သာရအပြည့်အဝလွှမ်းခြုံသောပြည်ထောင်စုတည်ဆောက်နိုင်မှသာဖြစ်နိုင်မည်ဟု အကြွင်းမဲ့ယုံကြည်ပါသည်။

၆။ သို့ဖြစ်ရာ အကြမ်းဖက်အာဏာရှင်မင်းအောင်လှိုင်၏အားလုံးပါဝင်ခြင်းမရှိသောအတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းမှုကိုတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကပြတ်ပြတ်သားသားငြင်းပယ်ကြရန်မိမိတို့နိုင်ငံရေးအကျဉ်း သားများက တိုက်တွန်းအပ်ပါသည်။”

ဟု အချက် ၆ ချက်ပါဝင်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီလ ၂၂ ရက်နေ့တွင် ငြိမ်း ချမ်း ရေး တွေ့ဆုံဆွေးနွေးရန် ကမ်း လှမ်းခဲ့ပြီး မေလ ၉ ရက်နေ့ နောက်ဆုံးထား စာရင်းပေးရန် ပြောဆိုခဲ့သော်လည်း ယခုအခါ မင်းအောင်လှိုင်နှင့် တွေ့ဆုံမည့် အဖွဲ့မှာ ၆ သာရှိပြီး အများစုမှာ မင်းအောင်လှိုင်၏ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၀ ခုနှစ် အင်းစိန်အကျဉ်းထောင်၏ဂြိုလ်တုရုပ်ပုံမြင်ကွင်း။

Photo Credit- RFA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article