25 C
Yangon

ဖရူဆိုမြို့နယ်၊ လောကျေခူကျေးရွာအနီး စစ်ကောင်စီယာဉ်တန်းကို ကရင်နီပူးပေါင်းအဖွဲ့က တိုက်ခိုက်စဉ် စစ်ကား ၄ စီးပေါ်မှ စစ်သား အားလုံး သေဆုံး၊ တိုက်ပွဲ ၂ ကြိမ်တွင် စစ်သား ၂၅ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ မေ ၈

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ လောကျေခူရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား မေလ ၇ ရက် နံနက်တွင် ၂ ကြိမ်တိုက်ပွဲဖြစ်ပြီး စစ်သား ၂၅ ဦးထက်မနည်းသေဆုံးသွားကြောင်း KNDF တပ်ရင်း ၄ က သတင်းထုတ်ပြန်သည်။

ယမန်နေ့ မေလ ၇ ရက် နံနက် ၈ နာရီခွဲတွင် ဘော်လခဲမြို့နယ်ဘက်မှ ထွက်ခွာလာသော စစ်ကား ၂၀ စီးပါ ယာဉ်တန်းကို လောကျေခူကျေးရွာအနီးတွင် တိုက်ခိုက်ရာ စစ်ကား ၄ စီး ပျက်စီးကာ အဆိုပါ ကား ၄ စီးပေါ်မှ စစ်သား အားလုံး စုစုပေါင်း ၁၅ ဦးသေဆုံးကြောင်း အဆိုပါ စစ်ကားများကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။

နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် အဆိုပါ တိုက်ပွဲဖြစ်ရာနေရာသို့ စစ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကြောင်း အတည်ပြုနိုင်ပြီး ၂ ဦးကို အရှင်ဖမ်းမိကြောင်း ကရင်နီတပ်ဖွဲ့မှ ရဲဘော် ၁ ဦး ဒဏ်ရာရကြောင်း KNDF တပ်ရင်း ၄ က ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီတပ်မတော် KA၊ KNDF တပ်ရင်း ၄၊ တပ်ရင်း ၁၅ တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ စက်လက် (ငါးကြင်းမြီး) ၁ လက်၊ RPG ၁ လက်၊ MA အမျုးအစား သေနတ် ၈ လက် နှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ – သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article