25 C
Yangon

ထန်းတပင်မြို့နယ်တွင် စစ်တပ် ခြေလျင်တပ်ရင်း ၈၄ မှ ဒုတပ်ရင်းမှူးနှင့် တပ် ကြပ်ကြီးတို့ ၂ ဦးကို KNLA နှင့် PDF က အရှင်ဖမ်းမိသော်လည်း ထွက်ပြေး၍ ပစ်ခတ်ရာမှ သေဆုံးသွား

Must read

ရန်ကုန် ၊ မေ ၈

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ရှားစေဖိုးနှင့် ရေလျှံရွာအနီးတွင် မေလ ၇ ရက်နေ့ ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီ ခြေလျင်တပ်ရင်း ၈၄ မှ ဒုတပ် ရင်းမှူးနှင့် တပ်ကြပ်ကြီးတို့ စီးလာသော ကားကို KNLA၊ PDFပူးပေါင်းတပ်က ဖမ်းဆီးခဲ့ပြီး ဒုတပ်ရင်းမှူးနှင့်တပ်ကြပ်ကြီးကို အရှင်ဖမ်းမိကြောင်း သိရှိရသည်။

သို့ရာတွင် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးစဉ် စစ်ကောင်စီ အရာရှိနှင့် တပ်ကြပ်ကြီးက ကားပေါ်မှ ဆင်းပြေးသည့်အတွက် လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက်အရှင် ဖမ်းဆီးမိခဲ့သော်လည်း လမ်းတွင် ထပ်မံထွက်ပြေး၍ ပစ်ခတ်ရာ သေဆုံးသွာ‌ေးကြာင်း ထန်းတပင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရှိရသည်။

“အဲ့စစ်ကြောင်းထိုးတဲ့အဖွဲ့က ရှားစေးဘိုစခန်းမှာ နားနေတာ။ ရှားစေးဘိုနဲ့ကျီတော်လမ်းမှာ ကျနော်တို့အဖွဲ့နဲ့ သူတို့ကား တည့်တည့်တိုးတာ။ သူတို့က ကျွန်တော်တို့အဖွဲ့ကိုတွေ့တော့ ကားပေါ်က ဆင်းပြေးတာ လိုက်ဖမ်းတာ အရှင်မိတယ်။ လမ်းမှာထွက်ပြေးလို့ ပစ်ခတ်ရှင်းလင်းလိုက်တာ၊ ကားမောင်းက လွတ်သွားတယ်။ ဒုတပ်ရင်းမှူးနာမည်ကတော့ မသိရသေးဘူး၊ စုံစမ်းဦးမယ်” ဟု ထန်းတပင် PDF ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါ ဒုတပ်ရင်းမှူးနှင့် တပ်ကြပ်ကြီးများထံမှ ထန်းတပင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် စစ်သားများ၏ အမည်စာရင်းများ ရေးသားထားသည့် စာရွက်စာတမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ထန်းတပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောသည်။

ယနေ့ မေလ ၈ ရက် နံနက်ပိုင်းတွင် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး၏ အလောင်းများကို စစ်သားများက လာကောက်သွားကြောင်း၊ ရေလျှံရွာနှင့် ဇီးဖြူကုန်းကျေးရွာများကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စစ်ဆေးနေကြောင်း သိရှိရသည်။

မေလ ၄ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၈၄ စစ်ကြောင်းက KNU တပ်မဟာ ၂၊ တပ်ရင်း ၆ နယ်မြေ၊ ထန်းတပင်မြို့နယ်၊ လှည်းဘွဲကြီး PDF စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ သံတောင် NLD အမတ် နော်ခရစ္စတယ်ထွန်း၏ အမျိုးသား စိုင်းမောင်အံ့ ကျဆုံးပြီးအခြား PDF ၁ ဦးမှာ ကျည်ထိမှန် ဒဏ်ရာရခဲ့သည်။

“သူတို့ကို ပြန်လုပ်ဖို့ စောင့်နေတာ ၃ ရက်ရှိပြီ၊ သွေးကြွေးပြန်ဆပ်နိုင်ခဲ့တယ်။ စိုင်းမောင်အံ့ ကျတယ်၊ PDF ၁ ဦး ကျည် ၂ ချက်ထိတယ်” ဟု ထန်းတပင် PDF က ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

မေလ ၅ ရက်နေ့ကလည်း ထန်းတပင်မြို့နယ် ဇရပ်ကြီး ရဲစခန်းမှူးဖြစ်သူ မျိုးဝင်းထွန်း (ခ) ဗိုလ်ပိန်ကိုလည်း ရွာရှိ လက်ဖက်ရည်ဆိုင်မှ အပြန် ကားပေါ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article