25 C
Yangon

ရွှေဘိုတွင် အိမ်ခြေ ၇၀၀ ကျော်ခန့်ရှိ ကုလားမလက်ကောက်ကျ ရွာကို စစ်တပ်က မီးတင်ရှို့ခဲ့ပြီး ရွာလုံးကျွတ် ပြာကျ

Must read

ရန်ကုန်၊ မေ ၈

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ ကုလားမရွာလက်ကောက်ကျ ရွာကို အကြမ်းဖက် စစ်တပ်က မေလ ၅ ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကာ အိမ်ခြေအားလုံးနီးပါး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ကုလားမ လက်ကောက်ကျ ကျေးရွာသည် အိမ်ခြေ ၇၀၀ ကျော်ခန့်ရှိသော ကုလားမရွာနှင့် လက်ကောက်ကျရွာ ၂ရွာ ပေါင်းထားသော ကျေးရွာကြီးဖြစ်ကာ ကျေးရွာအတွင်းရှိ ပျူစောထီး အဖွဲ့များ နေထိုင်သည့် အိမ်ခြေ ၂၀ ခန့်သာ မီးလောင်ခြင်း မရှိဘဲ ကျန်အိမ်များ အားလုံး မီးလောင် ပြာကျခဲ့ခြင်းသည်ဟု ဒေသခံများက ပြောဆိုသည်။

“အကုန်နီးပါး လောင်သွားတာဗျ။ မလောင်မချင်းကို ဆီလောင်ပြီးလိုက်ရှို့တာ။ ရွာခံ စစ်ပြေးသူက ပျူခေါင်းဆောင်ဗျ။ ပျူအင်အားအများကြီးပါလာတယ်။ ဖမ်းခံရတဲ့ လူတွေ ပြောပြချက် အရသိရှိတယ်။ ရွာထဲမှာ ပျူစောထီးတွေ နေတဲ့ အိမ်က လွဲလို့ ကျန်တာ အကုန် မီးလောင်သွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ကုလားမလက်ကောက်ကျ ရွာ အနီးအနားရှိ ကျေးရွာများကို ဝင်ရောက် စီးနင်းနေကာ အဆိုပါ ကျေးရွာများရှိ ပြည်သူမများလည်း နီးစပ်ရာ တောတောင်များ၌ ပုန်းခိုနေရကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်းမီးရှို့၍ ရွာလုံးကျွတ် ပြာကျ ခဲ့သော ကုလားမလက်ကောက်ကျရွာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article