28 C
Yangon

ခင်ဦးတွင် စစ်ကားများ မိုင်း ၁၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ၊ ဒီးမော့ဆိုတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၉

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် မေလ ၉ ရက်နေ့ ယနေ့တွင် စစ်ကောင်စီစစ် ကြောင်း ယာဉ်တန်းများကို မိုင်း ၁၄ လုံးဖြင့် တိုက်ခိုက်ကြောင်း ဒေသကာကွယ် ရေးတပ်များက သတင်းထုတ်ပြန်သည်။

ခင်ဦးမြို့နယ် အင်းပတ်ကွေ့တွင် ရေဦးဘက်မှလာသော စစ်ကောင်စီကား ၂ စီးကို ယနေ့ ညနေ ၅ နာရီ ၂၅ မိနစ် အချိန်ခန့်တွင် နယ်မြေခံအဖွဲ့များက မိုင်း ၄ လုံး ဖောက်ခွဲ၍ တိုက်ခိုက်ကြောင်း၊ တစ်ဆက်တည်း သရက်ပင်စုနှင့် မြင်းဒေါင်းကြားမှ မိုင်း ၈ လုံးဖြင့် ဆက်လက်ဖောက်ခွဲ တိုက်ခိုက်ကြောင်း၊ ထို့ပြင် ညနေ ၅ နာရီ ၅၅ မိနစ် အချိန် ရေဦးဘက်မှ ဆက်လက်၍ လိုက်ပါလာသော စစ် ကား ၂ စီးကို အင်းပတ်ကွေ့တွင်ပင် ထပ်မံ၍ မိုင်း ၂ လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း၊ စစ်သားအသေအပျောက်များနိုင်ကြောင်း သိရှိရသည်။

မိုင်းဆွဲခံရပြီးနောက် စစ်တပ်က ရေဦး- ခင်ဦးကားလမ်း သာဂရနှင့်မြင်းဒေါင်းကြား မူးတိမ်ချောင်းတံတားပေါ်မှ မြို့သစ်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း၊ မြို့သစ်ရွာတောင်ဘက်နှင့်အနောက်ဘက်သို့ စစ်တက်က ပစ်ခတ်လိုက်သော ၆၀ မမ ၇ လုံးကျရောက်ကြောင်း၊ ယခုအချိန်ထိ ရမ်းသမ်းပစ်ခတ်နေဆဲဖြစ်ကြောင်း၊ ရေဦးခင်ဦးကားလမ်း မြင်းဒေါင်းကာဘိုးကားလမ်း များအား ပြည်သူများအနေဖြင့်အသုံးမပြုရန်ဒေသခံများကို ပန်ကြားထားကြောင်း သိရှိရသည်။

ထို့ပြင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့၊ မြို့မရပ်ကွက်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)နှင့် အလယ်ပိုင်းတိုင်း ၁၁၀၂ ပူးပေါင်းတပ်ဖွဲ့တို့က ယနေ့ နံနက် ၉ နာရီတွင် တိုက်ခိုက်ရာ DMO-PDF ၏ စနိုက်ဘာလက်ချက်ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးခန့်သေဆုံးခဲ့ပြီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသွားခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ရုပ်အလောင်းကို ဒီးမော့ဆိုမြို့မရဲစခန်းအတွင်းသို့ ပြန်လည်သယ်ဆောင်သွားခဲ့ကြောင်း၊ အဆိုပါထိတွေ့တိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သည့်အပြင် ကင်းထောက်လေယာဥ်အသုံးပြုကာ လိုက်လံထောက်လှမ်းမှုများပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF) ပြန်ကြားရေး တာဝန်ခံက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်သားများ။

Photo- Reuters ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article