26 C
Yangon

အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ရပ်ရန်၊ အားလုံးပါဝင်သော ဆွေးနွေးပွဲလုပ်ရန်နှင့်စစ်ဘေးသင့်သူများကို ကူညီရန် KNU၊ KNPP နှင့် CNF တို့ ပူးတွဲကြေညာချက်ထုတ်ပြန်

Must read

ရန်ကုန်၊ မေ ၉

မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက် စစ်ကောင်စီက နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးများ ပြုလုပ်လိုလျှင် ထိုးစစ်များ ရပ်တန့်ကာ သက်ဆိုင်ရာ ပါဝင်သင့် ပါဝင်ထိုက်သော အစုအဖွဲ့ အားလုံး ပါဝင်ရန် လိုအပ်ပြီး စစ်ဘေးသင့်များအတွက် ကူညီ ထောက်ပံ့မှုများ ခွင့်ပြုရမည်ဟု တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ၃ဖွဲ့ ယနေ့ မေလ ၉ ရက်နေ့တွင် ပူးတွဲ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပူးတွဲ ကြေညာ ချက်ကို ကရင် အမျိုးသား အစည်းအရုံး(KNU/KNLA)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP/KA) နှင့် ချင်း အမျိုးသားတပ်ဦး (CNF/CNA)တို့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု၏ ပြဿနာကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရေးသည် မိမိတို့ တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေး အဖွဲ့များမှ အစဥ်တစိုက် တောင်းဆိုခဲ့သည့် တောင်းဆိုချက်ပင် ဖြစ်ပြီး လက်ရှိ တိုင်းပြည်တွင် ရင်ဆိုင် ကြုံတွေ့ရသည့် နိုင်ငံရေး အကျပ်အတည်းများကို တွေ့ဆုံဆွေးနွေး ဖြေရှင်းမည် ဆိုပါက ပါဝင်သင့်သော stakeholders အားလုံး ပါဝင်ရန်နှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့မှ ကြားဝင်စေ့စပ်ပေးသည့် တွေ့ဆုံဆွေးနွေးပွဲ စားပွဲဝိုင်းအမှန် ဖြစ်ပေါ်လာပြီး ထိုမှတဆင့် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံကို တည်ဆောက် တည်ဆောက်သွားနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုပြင် နိုင်ငံတကာ လူမှုအဖွဲ့အစည်းများမှ စစ်ဘေးသင့် ပြည်သူလူထုအား လွတ်လပ်စွာ လူမှုကူညီထောက်ပံ့မှုအား စာလျင်စွာ ဖိတ်ခေါ်ခွင့်ပြုရန် ထုတ်ပြန်ချက် အဆုံး၌ ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article