ရန်ကုန်၊ မေ ၉
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ပဲကူကျေးရွာ အနီးရှိ Black Eagle Defence Force- MMU ကင်းစခန်း တစ်ခုကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၉ ရက်နေ့၌ ဝင်ရောက် စီးနင်းခဲ့ပြီး ကျဆုံးခဲ့သည့် ရဲဘော် ၈ ဦးတွင် စစ်ကိုင်း တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ပြန်ကြားရေး တာဝန်ခံ ကိုဝေယံဖြိုး ပါဝင်ကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။
အဆိုပါ စခန်းသည် မေလ ၉ ရက်နေ့ နံနက် ရနာရီခန့်၌ ဝင်ရောက် စီးနင်း ခံရခြင်း ဖြစ်ပြီး ဖမ်းဆီးခံရသည့် ရဲဘော်များကို စစ်တပ်က လက်ပြန်ကြိုး တုပ်ကာ ဦးခေါင်းကို သေနတ်ဖြင့်တေ့ပစ်ပြီး မီးပုံရှို့သွားခြင်းဖြစ်ကြောင်း သိရသည်။