By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၁၃ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်မှာ အရပ်သားအိမ်စီးကားတွေနဲ့ ခိုးကြောင်ခိုးဝှက်သွားလာနေတဲ့ စစ်တပ်ကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးပြီး PDF တပ်ဘက်မှ ၂ ဦး ကျဆုံးခဲ့ တယ်လို့ People Security And defense Army – Muse က သတင်းထုတ်ပြန်ပါတယ်။
– အာဏာရှင် ကမ္ဘောဒီးယားဝန်ကြီးချုပ် အာဏာရှင်ဟွန်ဆင်ဟာ အမေရိကန်ပြည်ထောင်စု ၊ ဝါရှင်တန်ဒီစီ မှာ သူ့ရဲ့ ထောက်ခံသူတွေကို နှုတ်ဆက်နေတုန်း ဖိနပ်နဲ့ အပေါက်ခံခဲ့ရပါတယ်။
– မနေ့ကမနက်ပိုင်းက မိုးဗြဲအင်းအရှေ့ဘက်ကမ်း ထီရိကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီဂိတ်စခန်းက စစ်သား အများအပြား သေဆုံးကာ စခန်းသိမ်းခံရပြီးနောက် အဲဒီရွာနဲ့ အနီးအနားမှာ အင်အားထပ်မံ ဖြည့်တင်းလာ တဲ့သတင်း အပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။