25 C
Yangon

မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ နှစ်ထပ်သင်္ဘော ၃ စင်းဖြင့် စစ်ကောင်စီတပ် အင် အား ၃၀၀ ဧရာ၀တီမြစ်အထက်ပိုင်းသို့ ဆန်တက်ထွက်ခွာ

Must read

ရန်ကုန်၊ မေ ၁၄

မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ သင်္ဘော ၃ စီးဖြင့် စစ်တပ်အင်အား ၃၀၀ ဝန်းကျင် ဧရာ၀တီမြစ်အထက်ပိုင်းသို့ ယနေ့ နေ့လည်ပိုင်းတွင် ထွက်ခွာသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။ မေလ ၁၄ ရက်နေ့ မွန်းလွဲ၂ နာရီအချိန် ပြည်သူ၊ ပုံညာ၊ ပြဒါးရှင် အမည်ရှိသော နှစ်ထပ် သင်္ဘော ၃ စီးဖြင့် ရိက္ခာ လက်နက်ခဲယမ်းများ သယ်ဆောင်သွားကြောင်း၊ နှစ်ထပ်သင်္ဘော ၁ စီးလျှင် စစ်သား အင်အား ၁၀၀ ဝန်းကျင်ဖြင့် သင်္ဘော ၃ စီး စစ်အင်အား ၃၀၀ ပါဝင်သွားကြောင်း သိရှိရသည်။ “နှစ်ထပ်သင်္ဘော သဲအိတ်တွေကြားထဲမှာ စစ်သားတွေ ဝတ်စုံအပြည့်နဲ့။နှစ်ထပ်သင်္ဘော မထွက်ခွာခင် ရှေ့ပြေးအနေနဲ့ ရေတပ်ဘုတ် (သင်္ဘောအငယ်စား)တစ်စီး နံနက် ၁၀ နာရီခန့်အချိန်က မရမ်းခြံဆိပ်ကမ်းကနေ ရှေ့ပြေးထွက်ခွာသွားတယ်။ သင်္ဘောခေါင်မိုးပေါ်မှာ စက်သေနတ်တွေတပ်ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article