26.4 C
Yangon

စစ်ကိုင်း-မုံရွာ လမ်းပိုင်းတွင် စစ်ကား ၁၀ စီးပါ ယာဥ်တန်း ပဒေသာမိုင်း အလုံး ၂၀ ကျော်ဖြင့် တိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးထက် မနည်း သေဆုံး

Must read

ရန်ကုန်၊ မေ ၁၄

စစ်ကိုင်း-မုံရွာ ကားလမ်းပိုင်းတွင် စစ်ကား ၁၀ စီးပါ အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ယနေ့ မေလ ၁၄ ရက်နေ့ နံနက် ၁၀နာရီ ၅၅မိနစ်ခန့်တွင် ဒေသခံ ကာ ကွယ်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း အလုံး ၂၀ကျော်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း CDSOM တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းပဒေသာ ၁၀ လုံးတွဲ တစ်ပွိုင့် နှင့် ၁၅ လုံးတွဲ တစ်ပွိုင့် သတ်မှတ်ကာ မိုင်းဆွဲခဲ့ခြင်းဖြစ်ပြီး စစ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကာ ယင်း တိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ CDSOMနှင့် မဟာမိတ် တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article