26.4 C
Yangon

ကပစ ၂၃ မှ တပ်ကြပ်ကြီး သန်းနိုင်စိုး လက်နက်နှင့်အတူ YDF ထံတွင် CDM ဝင်

Must read

ရန်ကုန်၊ မေ ၁၅

စစ်ကောင်စီ ကပစ ၂၃ မှ တပ်ကြပ်ကြီး သန်းနိုင်စိုးသည် လက်နက်အပြည့်အစုံဖြင့် YDF နှင့် ဆက်သွယ်ကာ ပြည်သူ့ထံ CDM လုပ်အလင်းဝင်လာခဲ့ကြောင်း YDF က သတင်းထုတ်ပြန်သည်။

မေလ ၁၂ ရက်နေ့တွင် တပ်ကြပ်ကြီး သန်းနိုင်စိုးသည် MA 1 သေနတ် တစ်လက်၊ ကျည်အိမ် ၄ ခု၊ ကျည်တောင့် ၂၂၈ တောင့်နှင့်အတူ စစ်ကောင်စီ၏ ယုတ်မာမှုများအပေါ် ဆက်လက် မပါဝင်လိုတော့သောကြောင့် ပြည်သူထံ အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း၊ တပ်ကြပ်ကြီး သန်းနိုင်စိုးအား လိုအပ်သည့် ထောက်ပံ့ကြေးများနှင့် လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးရန် YDF က စီစဉ်လျက်ရှိကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article