27 C
Yangon

Khit Thit သတင်းဌာန၏ မေ ၁၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁၆ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
– ရက္ခိုင့်တပ်တော် AA နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ အကြား နှစ်ဖက် တင်းမာမှုတွေ မြင့်တက် နေတဲ့အပြင် ၊ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်တဲတွက် ၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် နဲ့ ဝေးဝေးနေကြဖို့ AA က မေလ ၁၅ ရက်နေ့ ညနေပိုင်းမှာ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
– စစ်ကိုင်းတိုင်းမှာ အကြမ်းဖက် စစ်တပ်က မုဒိမ်းကျင့် သတ်တာတွေ မီးရှို့သတ်တာတွေနဲ့ လူအုပ်စု လိုက် သတ်ဖြတ်တာတွေကို ဆက်တိုက်ကျူးလွန် လာတယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ရှားစေဖိုး နဲ့ ရေလျှံရွာအနီးမှာ မေလ ၇ ရက်နေ့ ညနေပိုင်းမှာ အကြမ်း ဖက်စစ်ကောင်စီ ခြေလျင်တပ်ရင်း ၈၄ က ဗိုလ်-သော်ကောင်းစံ နဲ့ ဗိုလ်ကြီး ၁ ဦးတို့ဟာ KNLA၊ PDFပူး ပေါင်းတပ် နဲ့ ထိပ်တိုက် တွေ့ပြီး ၊ ဖမ်းဆီး ခံခဲ့ရာကနေ ထွက်ပြေးတဲ့အတွက် ပစ်ခတ်ခံရပြီး သေဆုံးသွား တယ်လို့ ဒေသသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
– အကြမ်းဖက်စစ်ကောင်စီ နဲ့ ပြည်သူ့တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ရေးပြဌာန်း ချက်တွေကို ပြည်သူ့တပ်ဖွဲ့တွေဘက်က အတတ်နိုင်ဆုံးလိုက်နာဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောတဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက် ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article