30.5 C
Yangon

စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်မည့် ALP ကို လူငယ်အဖွဲ့အစည်းများ ကန့်ကွက်ရှုတ်ချ၊ အရက္ခလူမျိုးများကို ကိုယ်စားမပြုဟု ထုတ်ပြန်

Must read

ရန်ကုန်၊ မေ ၁၆

အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်ခြင်းကို တက်ရောက်မည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ကို အာရက္ခပြည်သူလူထုက ကန့်ကွက်ရှုတ်ချကြောင်း ရခိုင်ပြည်ရှိ လူငယ်အဖွဲ့အစည်းများက ယမန်နေ့ မေလ ၁၅ ရက်ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ကြေညာချက်ကို ရက္ခိုင့်ပြည်ကျောင်းသားသမဂ္ဂ၊ သက်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ကမန်ကျောင်းသားလူငယ်အဖွဲ့၊ မြိုတက္ကသိုလ်ကျောင်းသား/သူများအသင်း၊ မဟာရက္ခိတအဖွဲ့နှင့် အာရက္ခပြည်ရှိ လူငယ်အဖွဲ့အစည်း ၂၄ ဖွဲ့တို့ ပူးတွဲ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီသည် အကြမ်းဖက်စစ်ကော်စီ အလိုကျ ကြိုးဆွဲရာ ကပြ အသုံးချခံနေရသော အမျိုးသားရေးကို ကိုယ်စားပြုခြင်း အလျှင်းမရှိသည့် ရခိုင်အမည်ခံ အဖွဲ့အစည်းဖြစ်ပြီး စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအဖွဲ့မှ ဖိတ်ကြားသည့် အစည်းအဝေးကို တက်ရောက်ရန် ပြင်ဆင်နေသည်ဟု ကြားသိရကြောင်း၊ တော်လှန်ရေးအမည်ခံ ALP အနေနှင့် အာရက္ခပြည်နှင့် အာရက္ခလူမျိုးများကို ကိုယ်စားပြုအဖွဲ့အစည်းမဟုတ်သည့်အပြင် အဆိုပါ လုပ်ရပ်များကို များစွာ စိတ်ပျက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အာရက္ခပြည်သူများသည် နွေဦးတော်လှန်ရေးနှင့် CDM လှုပ်ရှားမှု၊ အာဏာသိမ်းဆန့်ကျင်မှု ၊ စစ်အာဏာရှင်အောက်မှ လွတ်မြောက်ရေးကြိုးပမ်းမှုတွင် တက်တက်ကြွကြွ တိုက်ရိုက်မပါဝင်သော်လည်း မြန်မာပြည်သူများ၏ ဒီမိုကရေစီလိုလားမှုကြောင့် နိုင်ငံရေးမျှော်မှန်းချက်များကို လေးစား တန်ဖိုးထားကြောင်း၊ အာရက္ခပြည်လူမျိုးများအတွက် ရက္ခိတလမ်းစဉ်အတိုင်း လျှောက်လှမ်းကာ မှန်ကန်သော ဘက်မှ ရပ်တည်သကဲ့သို့ နည်းမှန် လမ်းမှန်ဖြင့် မတိမ်းမစောင်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီအနေနှင့် ALP နှင့် ငြိမ်းချမ်းရေးဆွေးနွေးသော်လည်း အမှန်တကယ် အာရက္ခပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်လုံခြုံမှုအတွက် အာမခံချက်ပေးနိုင်မည်မဟုတ်ဟု ယုံကြည်လက်ခံထားကြောင်း၊ အာရက္ခပြည်၏ အချုပ်အခြာအာဏာကို အာရက္ခပြည်သူလူထု မရရှိသေးသရွေ့ အာရက္ခပြည်ငြိမ်းချမ်းစည်ပင်သာယာသော ဒေသတစ်ခု ဖြစ်လာမည် မဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article