24 C
Yangon

ထားဝယ်နှင့် လောင်းလုံးတွင် စစ်တပ် စစ်ကြောင်းနှင့် ပျူစောထီးများ တိုက် ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၁၇

တနင်္သာရီတိုင်း ထားဝယ်မြို့ ပကာရီ-ဆီပင်ကောက် လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို မေလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်၌ ထားဝယ် PDF တပ်ဖွဲ့က မိုင်းဆွဲ ပစ်ခတ် တိုက်ခဲ့ကာ စစ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(ထားဝယ်ခရိုင်)က ကြားဖြတ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ အကြမ်းဖက် စစ်တပ် နှင့် အပြန်အလှန် ပစ်ခတ်ခဲ့ကာ စစ်သား ၅ ဦး ထပ်မံသေဆုံး ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်မတော် (ထားဝယ်ခရိုင်)မှ ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် လမ်းပိုင်းတစ်နေရာတွင် စွန်ရဲအဖွဲ့ဟု အမည်ပြောင်းလဲထားသော ပျူစောထီးအဖွဲ့ဝင် ၈ ဦး လိုက်ပါလာသည့် အိမ်စီးကားကို မေလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပသ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက် သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ ပစ်ခတ် တိုက်ခိုက်ခံရသော အိမ်စီးကားသည် ပန်းဒလဲကျေးရွာအတွင်း သောင်းကျန်းနေသည့် ပျူစောထီးအဖွဲ့ဝင်များ လိုက်ပါလာသော ကားဖြစ်ပြီး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပ.က.ဖ လောင်းလုံး)နှင့် Dawei Defense Team – DDT တပ်ခွဲ ၃ (ပ.က.ဖ ထားဝယ်)တို့က ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article