ရန်ကုန်၊ မေ ၁၈
မကွေးတိုင်း၊ရေစကြိုမြို့နယ် ၄ ရက်တိုက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက် မှ ၃ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရမိကြောင်း MG6ပြောက်ကျားတပ် (မြင်းခြံခရိုင် အမှတ်၅ တပ်ရင်း)က သတင်းထုတ်ပြန်သည်။
မကွေးတိုင်း ရေစကြိုမြို့နယ် ရေလည်ကျွန်းဒေသသို့အင်အား ၁၀၀ ဝန်းကျင်ဖြင့်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို မေလ ၁၀ ရက်နေ့မှ မေလ ၁၄ ရက်နေ့အထိ MG6ပြောက်ကျားတပ် (မြင်းခြံခရိုင် အမှတ်၅ တပ်ရင်း)နှင့်ဒေသကာကွယ်ရေးတပ်တို့ က တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပြီး MG6ပြောက်ကျားတပ်က ပစ်ခတ်သော စနိုက်ပါ ကျည် ထိမှန်ပြီး စစ်သား ၃ ဦးသေဆုံးကြောင်း၊ ထိပ်တိုက် တိုက်ပွဲအတွင်းစစ်တပ်ဘက်မှ သေဆုံးမှုများစွာရှိကြောင်း သိရှိရသည်။
ထို့ပြင်G3သေနတ် ၁ လက် ၊ 94 သေနတ် ၂ လက် ၊ရဲ uniform (၁)စုံ၊အီကွေးမန့် ၁ စုံ၊ 94ကျည်ဘောက် ၇ ခု၊9mmကျည်(၅၂)တောင့်၊ G3ကျည်(၂၃)တောင့်၊ လက်ပစ်ဗုံးသီး ၁လုံး နှင့်အခြားအသုံးဆောင်ပစ္စည်းတချို့သိမ်းဆည်းရမိကြောင်း သိရှိရသည်။
အလားတူ တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာအုပ်စု ဘန်းပြည့်အနောက် ကျေးရွာတွင် ယနေ့ နံနက် ၅ နာရီဝန်းကျင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ၅ ဦးသေဆုံးကြောင်း သိရှိရသည်။


