By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၁၉ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ဘက်က နဝတစစ်ဗိုလ်ချုပ်သာအေးရဲ့ မွေးရပ်မြေ ကြံ့ဖွတ်ရွာကို မင်းအောင်လှိုင် ဦးဆောင်တဲ့အကြမ်းဖက်စစ်တပ်က မီးတင်ရှို့တာကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
-ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီတပ်ရဲ့ သေ့ဘောဘိုးတပ်စခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်တွေ အသေဆုံး များသလို အရှင် ၄ဦးထက်မနည်း ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
– စစ်ကိုင်းတိုင်းခင်ဦးနဲ့ရေဦးမြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်းပြီး ကက္ကိုစု ကျေးရွာသား ၂ ဦးကို စစ်တပ်က ပစ်သတ်ခဲ့တယ်လို့ Khin U People Defense Force တပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်သံမဏိက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောပါတယ်။
– ရန်ကုန်တိုင်း၊ တောင်ဒဂုံမြိုနယ် စစ်ကောင်စီခန့် ၇၁ ရပ်ကွက်ရာအိမ်မှူး လူမိုက် ပြုံးချို မနေ့ကညနေ ၅ နာရီခွဲမတိုင်မီ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။