24 C
Yangon

တောင်ကြီးတွင် မေ့ဆေးဆရာဝန်ကြီး ဒေါက်တာဦးမြစန်း၊ ဓါတ်မှန်ဆရာဝန်ကြီး ဒေါက်တာ အေးခိုင်ဦး အပါအဝင် CDM ဆရာဝန် ၃ ဦးကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီး

Must read

ရန်ကုန်၊ မေ ၂၁

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မေ့ဆေးဆရာဝန်ကြီး ဒေါက်တာဦးမြစန်း၊ ဓါတ်မှန်ဆရာဝန်ကြီး ဒေါက်တာ အေးခိုင်ဦး အပါအဝင် CDM ဆရာဝန် ၃ ဦးကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးသွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

မေလ ၁၈ ရက်နေ့ နံနက် ၂ နာရီ တောင်ကြီးမြို့ရှိ မြတ်တော်ဝင် ပုဂ္ဂလိကဆေးရုံတွင် အရေးပေါ် လူနာ ခွဲစိတ်ရန် ရောက်ရှိစဉ် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖမ်းဆီးရာတွင် ဆရာဝန်ကြီးများကို စစ်တပ်က ကိုယ်ထိလက်ရောက် ရုန်းရင်းဆန်ခတ် ကျူးလွန် အကြမ်းဖက်ကြကြောင်း သိရှိရသည်။

“မေလ ၁၈ရက်မနက်၂နာရီမှာမြတ်တော်ဝင်မှာ အရေးပေါ်လူနာခွဲဖို့ရှိလို့ရောက်တဲ့အချိန်ဖမ်းတာ။ အရေးပေါ်လူနာခွဲဖို့ရှိလို့အကူညီလှမ်းတောင်းတယ်လို့တော့သိရတယ် ။နောက်တယောက်က ပုဂ္ဂလိကပတ္တမြားဆေးရုံမှာအဖမ်းခံရတယ်။ မြတ်တော်ဝင်မှာတော့ အဲ့နေ့ကရုန်းရင်းဆန်ခတ်ဖြစ်တယ်ပြောတယ်။ အခြားဆေးရုံ ဝန်ထမ်းတွေHR ကိုလည်းစစ်တပ်က ထိုးကြိတ်သွားတယ်။ စစ်တပ်က ဝင်ဖမ်းတဲ့အချိန် ကြည့်နေတဲ့ လူနာတွေ လူနာစောင့်တွေကိုပါ ဆူပူကြိမ်း မောင်းသွားတယ်။ ဓာတ်ပုံတွေရိုက်မှာစိုးလို့ ဖုန်းတွေလည်းစစ်တယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဓာတ်ပုံ- တောင်ကြီးမြို့ရှိ မြတ်တော်ဝင် ပုဂ္ဂလိက ဆေးရုံ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article