33 C
Yangon

NLD အစိုးရ ဝန်ကြီးချုပ်များနှင့် ဝန်ကြီးများအပေါ် လုပ်ကြံ အမှုဆင် ကြသည့် စသုံးလုံးအရာရှိနှင့်ဝန်ထမ်းများ

Must read

By ရန်ကုန်ခေတ်သစ်


နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ NLD အစိုးရ ပြည်နယ်/တိုင်းဝန်ကြီးချုပ်များ၊ ဝန်ကြီးများကို မင်းအောင်လှိုင်က ယမန်နှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့တွင်ဖမ်းဆီးပြီး လုပ် ကြံ အမှုဆင် တရားစွဲရန် မင်းအောင်လှိုင်က စစ်တပ် နှင့် ပြည်ထဲရေးဝန်ကြီး ဌာန ကို ညွှန်ကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးစိုးထွဋ်နှင့် စစ်တိုင်းမှူးများက စသုံးလုံးအရာထမ်းနှင့်အမှုထမ်းများကို NLD အစိုးရဝန်ကြီးချုပ်၊ ဝန်ကြီးများအပေါ် မဟုတ်မမှန် လိမ်လည် အမှုတည်ဆောက်ရန် တာဝန်ပေးအပ်ခဲ့ပြီး ယင်းတာဝန်ပေးအပ်မှုကို အကောင်အထည်ဖော်သည့် စသုံးလုံး အရာရှိနှင့်ဝန်ထမ်းများ အကြောင်းကို ဖော်ပြအပ်ပါသည်။

လရောင်တောမြေကိစ္စ၊ နေပြည်တော်တည်ဆောက်ရေးကိစ္စအတွက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်အပေါ် မဟုတ်မမှတ် လိမ်လည် အမှုဆင်သူ စသုံးလုံးလက်ထောက်ညွှန်ကြားရေးမှူး သန့်ဇင်
===========================================

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို နေပြည်တော်တွင် အခြေချရေး လရောင်တောမြေနေရာ ချထားပေးမှု ၊ နေပြည်တော်တည်ဆောက်ရေးလုပ်ငန်းများတွင် လာဘ်ပေးလာဘ်ယူရှိသည်ဟုဆိုကာ နေပြည် တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်အပေါ် မဟုတ်မမှန် အမှု လိမ်လည် တည်ဆောက်ရသူမှာ စသုံးလုံး လက်ထောက်ညွှန်ကြားရေးမှူး သန့်ဇင်ဖြစ်သည်။

စသုံးလုံး လက်ထောက်ညွှန်ကြားရေးမှူး သန့်ဇင်သည် စသုံးလုံးညွှန်မှူး ညိုဝင်း၊ မောင်မောင်မြင့်တို့နှင့်တွဲဖက်၍ မဟုတ်မမှန် လိမ်လည် အမှုတည်ဆောက်ရခြင်းဖြစ်ပြီး ၎င်းတို့ကို ညွှန်ကြားသူမှာ ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ဖြစ်သည်။

အမှုတည်ဆောက်ရန်အတွက် စသုံးလုံးအရာရှိနှင့် ဝန်ထမ်း ၅၃ ဦး အသုံးပြုပြီး ရုံးချုပ်၊ ကယား၊ ရှမ်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ နေပြည်တော်မှ စသုံးလုံးဝန်ထမ်းများအားလုံး ပါဝင်ပတ်သက်နေကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်အပေါ် မဟုတ်မမှန် အမှုလိမ်လည် တည် ဆောက် သူ လက်ထောက် ညွှန်ကြားရေးမှူး ကျော်ဝင်း
==========================================================

NLD အစိုးရ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်အပေါ် ပိုင်ဆိုင်မှုများ စစ်ဆေးခြင်း၊ မဟုတ်မမှန် လိမ်လည် အမှုတည်ဆောက်သူမှာ စသုံးလုံး လက်ထောက်ညွှန်ကြားရေးမှူး ကျော်ဝင်းဖြစ်သည်။

စသုံးလုံးလက်ထောက်ညွှန်ကြားရေးမှူး ကျော်ဝင်းကို စီစဉ် ကြီးကြပ် တာဝန်ပေးအပ် ခိုင်းစေသူမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးဖြစ်သည်။

ဒေါက်တာခက်အောင်အပေါ် မဟုတ်မမှန် အမှုဖွင့်ရန်အတွက် ကချင်ပြည်နယ်စသုံးလုံး ဌာနမှအရာရှိ ၃ ဦး၊ အမှုထမ်း ၄ ဦး စုစုပေါင်း ၇ ဦး ပါဝင်ပတ်သက်ခဲ့ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့်ဝန်ကြီးများအပေါ် မဟုတ်မမှန် အမှုတည်ဆောက်သူ စသုံးလုံး ညွှန်ကြားရေးမှူးအောင်သန်းတိုးနှင့် ဒုညွှန်မှူး မျိုးသက်စိုး
==============================================================================

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ လူမှုရေးဝန်ကြီး၊ တိုင်းရင်း သား ရေးရာဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးတို့ အပေါ် မဟုတ်မမှန် အမှုတည်ဆောက်သူ စသုံးလုံး ညွှန်ကြားရေးမှူး အောင်သန်းတိုးနှင့် ဒုညွှန်မှူး မျိုးသက်စိုးတို့ဖြစ်ကြသည်။

စသုံးလုံး ညွှန်ကြားရေးမှူး အောင်သန်းတိုးက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ လူမှုရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့ အပေါ် မဟုတ် မမှန် လိမ်လည် အမှုတည်ဆောက်ရပြီး စသုံးလုံး ဒုတိယညွှန်ကြားရေးမှူး မျိုးသက်စိုးက ကရင်ပြည်နယ်၊ ဘဏ္ဍာရေးနှင့်စီမံကိန်း ဝန်ကြီး အပေါ် မဟုတ်မမှန် အမှုတည်ဆောက်ရသည်။

ထူးခြားချက်မှာ ၎င်းတို့ နှစ်ဦးစလုံးကို တာဝန်ပေးအပ်သူမှာအရှေ့တောင်တိုင်းစစ်တိုင်းမှူး (ရတခ) ဖြစ်နေခြင်းပင်ဖြစ်သည်။ ကရင်ပြည်နယ် စသုံးလုံးမှ အရာ ရှိ ၉ ဦး နှင့် အမှုထမ်း ၈ ဦး စုစုပေါင်း ၁၇ ဦး တို့က ပြည်သူ့အစိုးရအပေါ် မဟုတ်မမှန် လိမ်လည်အမှုဖွင့်မှုများတွင် ပါဝင်ကြသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့်လွှတ်တော်ဥက္ကဋ္ဌ တို့အပေါ် လိမ်လည် အမှုတည် ဆောက်သူ ဦးစီးအရာရှိ သိန်းဇော်
====================================================

ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့အပေါ် တင်ဒါကိစ္စ၊ လာဘ်ပေးလာဘ်ယူမှု ရှိ၊ မရှိ ၊ အမေရိကန်ပြည်ထောင်စုက ထောက်ပံ့သည့် ဒေါ်လာ ၄၆ သန်းကို တိုင်း/ပြည်နယ် အလိုက်ခွဲဝေရရှိအပေါ် အကျင့်ပျက်ခြစားမှု ရှိ၊ မရှိ CRPH နှင့် ဆက်သွယ်ခြင်း ရှိ၊ မရှိတို့ကို ဦးစီးအရာရှိ သိန်းဇော်က စုံစမ်း အမှု လိမ်လည် တည်ဆောက်သည်။

ဦးစီးအရာရှိ သိန်းဇော်ကို တာဝန်ပေးအပ်သူမှာ အနောက်မြောက်တိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဖြစ်ပြီး ချင်းပြည်နယ်မှ စသုံးလုံးဌာနမှ ၂ ဦး ပါဝင်ပတ်သက်ကြသည်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အပေါ် လိမ်လည် အမှု တည် ဆောက် သူ ဦးစီးအရာရှိ သောင်းနိုင်
=========================================================

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဝန်ကြီးများအပေါ် တင်ဒါကိစ္စ၊ အဂတိလိုက်စားမှု ရှိ၊ မရှိ လိမ်လည် အမှုတည်ဆောက်သူမှာ ဦးစီးအရာရှိ သောင်းနိုင်ဖြစ်ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက တာဝန်ပေးအပ်ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းစသုံးလုံး ဌာနမှ အရာရှိ ၄ ဦး ၊ အမှုထမ်း ၉ ဦး စုစုပေါင်း ၁၃ ဦး က လိမ်လည် အမှုတည်ဆောက်ရာတွင် ပါဝင် ပတ်သက်ကြသည်။

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုအပေါ် လိမ်လည်အမှုတည် ဆောက် သူ ဦးစီးအရာရှိ အောင်ဇေယျ
===========================================

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများအပေါ် လိမ်လည် အမှုတည်ဆောက်သူမှာ ဦးစီးအရာရှိ အောင်ဇေယျဖြစ်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက တာဝန်ပေးအပ်ခြင်းဖြစ်သည်။ မကွေးတိုင်းစသုံးလုံးမှ အရာရှိတစ်ဦးနှင့် အမှုထမ်း တစ်ဦးတို့က လိမ်လည်အမှုတည်ဆောက်ရာတွှင် ပါဝင်ကြသည်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပေါ် လိမ်လည်အမှုတည်ဆောက်သူ လက်ထောက်ညွှန်ကြားရေးမှူး ဌေးလွင်
===================================================

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်ဝန်ကြီးများအပေါ် လိမ်လည် အမှုတည်ဆောက်သူမှာ လက်ထောက်ညွှန်ကြားရေးမှူး ဌေးလွင်ဖြစ်ပြီး စသုံးလုံးမှ အရာရှိနှင့်အမှုထမ်း ၁၁ ဦး ပါဝင်ကြသည်။

တာဝန်ပေးအပ်သူမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဖြစ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံပေါ် လိမ်လည်အမှု တည်ဆောက်သူ ညွှန်ကြားရေးမှူး မျိုးဇော်ဝင်း
=========================================================

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ဝန်ကြီးများအပေါ် လိမ်လည် အမှုတည်ဆောက်သူမှာ ညွှန်ကြားရေးမှူး မျိုးဇော်ဝင်းဖြစ်ပြီး မွန်ပြည်နယ်စသုံးလုံးမှ အရာရှိနှင့်အမှုထမ်း ၈ ဦးပါဝင်ကြသည်။

အမိန့်နှင့် တာဝန်ပေးအပ်ပြီး ကြီးကြပ်ကွပ်ကဲသူမှာ အရှေ့တောင်တိုင်းစစ်ဌာန ချုပ် စစ်တိုင်းမှူးဖြစ်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပေါ် လိမ်လည် အမှုတည်ဆောက်သူ ညွှန်ကြားရေးမှူး စိုးလွင်

===========================================

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပေး လိမ်လည် အမှုတည်ဆောက်သူမှာ ညွှန်ကြားရေးမှူး စိုးလွင်ဖြစ်ပြီး သူနှင့်အတူ စသုံးလုံး ဝန်ထမ်း ၄ ဦး ပါဝင်ပတ် သက်သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ထင်လတ်ဦးက ကြီးကြပ်ကွပ်ကွဲစီစဉ် ညွှန်ကြားသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ရှမ်းလွှတ်တော်ဥက္ကဋ္ဌတို့အပေါ် လိမ်လည် အမှုတည်ဆောက်သူ စုံစမ်းရေးမှူး မျိုးခိုင်ဝင်းနှင့် ဦးစီးအရာရှိ ဝင်းသိန်း
===========================================

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အပေါ် လိမ်လည် အမှုတည် ဆောက် သူမှာ စုံစမ်းရေးမှူး မျိုးခိုင်ဝင်းဖြစ်ပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး က တာဝန်ပေးအပ်ခြင်းဖြစ်သည်။

ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအပေါ် လိမ်လည် အမှုတည်ဆောက်သူမှာ ဦးစီးအရာရှိ ဝင်းသိန်းဖြစ်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက တာဝန်ပေး အပ်ခြင်းဖြစ်သည်။

ဧရာ၀တီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်အပေါ် လိမ်လည် အမှုတည်ဆောက် သူ ဒုညွှန်ကြားရေးမှူး မင်းနိုင်

===========================================

ဧရာ၀တီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်အပေါ် လိမ်လည် အမှုတည်ဆောက် သူမှာ ဒုတိယညွှန်ကြားရေးမှူး မင်းနိုင်ဖြစ်ပြီး အနောက်တောင်တိုင်းစစ်ဌာန ချုပ် တိုင်းမှူးက တာဝန်ပေးအပ်ခြင်းဖြစ်သည်။

ဧရာ၀တီတိုင်း စသုံးလုံးမှ အရာရှိ ၃ ဦး၊ အမှုထမ်း ၃ ဦး စုစုပေါင်း ၆ ဦး ပါဝင်ပတ်သက်လျက်ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article