By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၂၆ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ကရင်နီပြည်နယ်မှာ ကရင်နီပြည်-ရဲဌာနကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေထဲက ၂၄ ဦးကို ဒီကနေ့ မေလ ၂၆ ရက်နေ့မှာ ခံဝန်ကတိတွေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
– ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ကြား ဒီကနေ့ မနက် ၁၀ နာကျော်လောက်က စပြီး တိုက်ပွဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
– စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဒီကနေ့ မေလ ၂၆ ရက်နေ့ မနက် ၇ နာရီလောက်မှာ အကြမ်း ဖက်စစ်ကောင်စီက မြန်မာယန်စီ ကုမ္ပဏီဘေးကပ်လျက်မှာရှိတဲ့ ဝါးတန်းကျေးရွာ နဲ့ မုံရွာ- ယင်းမာပင် ကားလမ်းမကြီး ဘေးက ဈေးဆိုင်တဲတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကိုတင်ဆက်ပေးပါမယ်။