ရန်ကုန်၊ မေ ၂၇
စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးနှင့် အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာများ၊ စစ်ရှောင်ပြည်သူများအတွက် ဖေးမကူညီကာ ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေး မေလ ၂၇ ရက်နံနက်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ လမ်းမကြီးပေါ်တွင် မုံရွာလူငယ်များအစည်းအရုံးနှင့် မုံရွာအခြေခံပညာကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းချီတက်ဆန္ဒပြကြသည်။