26.2 C
Yangon

မတ္တရာ၊ မိုးကုတ်၊ သပိတ်ကျင်း၊ မိုးမိတ်တိုက်ပွဲများအတွင်း ဖမ်းဆီးရရှိသည့် PDF တပ်ဖွဲ့ဝင်များကို ကိုယ်တိုင်မီးရှို့၊ လည်လှီးသတ်ဖြတ်ခဲ့ဟု စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး ဘုန်းမြင့်နိုင် ဝန်ခံ

Must read

ရန်ကုန်၊ ဇွန် ၂၅

မန္တလေးတိုင်း၊ မတ္တရာ၊ မိုးကုတ်၊ သပိတ်ကျင်း၊ မိုးမိတ်မြို့နယ် တိုက်ပွဲများအတွင်း ဖမ်းဆီးရရှိသည့် PDF တပ်ဖွဲ့ဝင်များကို ကိုယ်တိုင်မီးရှို့၊ လည်လှီးသတ်ဖြတ်ခဲ့ဟု စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး ဘုန်းမြင့်နိုင် လူမှုကွန်ယက်စာမျက်နှာပေါ်တင်ကာ ဝန်ခံထားသည်။

၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်များတွင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိုးမိတ်မြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့အတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ့ကာကွယ် ရေးတပ်မတော် -PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်စဉ် ဖမ်းဆီးရရှိခဲ့သည့် PDF တပ်ဖွဲ့ဝင်များက အရှင် မထားပဲ ကိုယ်တိုင် လှည်လှီးကာ သတ်ဖြတ်ခြင်း၊ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခြင်းများ လုပ် ဆောင်ခဲ့ကြောင်း ဝန်ခံထားခြင်းဖြစ်သည်။

ထိုသို့ လုပ်ဆောင်မှုများနှင့်ပတ်သက်၍ လိုင်းပေါ်တင်ကာ အသိပေးထားသော်လည်း စစ်ကောင်စီ တပ်အထက်အရာရှိများက ၎င်းကို အရေးယူခြင်းမရှိကြောင်း၊ အရေးယူစရာလည်း အကြောင်းမရှိ ကြောင်း ၎င်းက ဆက်လက် အသိပေးထားသည်။

“ကျနောက် အခဲမကျေဘူး။ အခုနေ မျက်စိအောက်မှာတွေ့ကြည့် ကျနော်က တကယ်လည်လှီးသတ် မှာ၊ လူလယ်ခေါင်မှာ။ ကျနော်သတ်ခဲ့တာလည်း များပါပြီ။ ဒီကောင်တွေကို၊ ကျနော်တိုက်ပွဲဝင်တုန်း က ဆိုရင် အဲဒီကောင်တွေအဖမ်းခံရတယ်။ ဘယ်တော့မှ အရှင်မထားဘူး။ မီးရှို့သတ်တယ်။ လည် လှီး သတ်တယ်။ ဒီကောင်တွေ လိုင်းပေါ်တင်လို့ ကျနော်ပြန်တင်တယ်။ ကျနော့်ကို အထက်ဌာန က အရေးလည်းမယူ ဘူး။ ယူစရာလည်းကြောင်းမရှိဘူး။ ဒီကောင်တွေတင်လို့ ကိုယ်လည်းတင်တာ။ ကျ နော် မိုးကုတ်၊ သပိတ်ကျင်း၊ မတ္တရာ၊ မိုးမိတ်၊ ချောင်းဆုံပေါ့။ ဒီကောင်တွေအရမ်းခေတ်ထနေတဲ့ အချိန်ပေါ့၊ ၂၀၂၃ ၊ ၂၀၂၄ ၊ ၂၅ ထဲမှာပေါ့။” ဟု တပ်ကြပ်ကြီး ဘုန်းမြင့်နိုင်က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article