By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၂၈ ရက် နေ့လည်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-KNU နဲ့ NLD တို့ဟာ မေလ ၂၇ ရက်နေ့မှာ တွေ့ဆုံကြပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး နဲ့ စစ်အာဏာရှင် ဖြုတ်ချရေး အဓိက ဆွေးနွေးကြတယ်လို့ သိရပါတယ်။
-မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ မေလ ၂၆ ရက်နေ့ က PDF ပြောက်ကျားရဲဘော် ၂ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်ကနေ ဝိုင်းဖမ်းတဲ့အချိန် အချင်းချင်း ပြန်လည် ပစ်ခတ်မိပြီး ၊ စစ်ကောင်စီရဲ့ အမှတ် ၆၀၈ တပ်က ဒု-အရာခံဗိုလ် အောင်မျိုးသူ ကျည်ထိသေဆုံးပြီးတဲ့နောက် အသုဘကို တပ်ရာထူး မထည့်ဘဲ အရပ်သားနာရေးပုံစံနဲ့ ခိုးကြောင်ခိုးဝှက် မသာချရတဲ့ အကြောင်းသိရပါတယ်။
– စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို မေလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ရှမ်းနီ အမျိုးသားများ တပ်မတော်(SNA)က ဝင်ရောက် ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီ ရဲ ၁ ဦး နဲ့ ပြည်သူ ၁ ဦးသေဆုံးသွားတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။