34 C
Yangon

မန္တလေးတွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ ရန်နိုင်ကျော်နှင့် အောင်ကျော်မိုးတို့ အရက်ဝယ်နေစဉ် ပစ်သတ်ခံရ

Must read

ရန်ကုန်၊ မေ ၂၈

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံထားရသည့် ရန်နိုင်ကျော်နှင့် အောင်ကျော်မိုးတို့ ၂ ဦး ယနေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် အရက်ဝယ်နေစဉ် ပစ်သတ်ခံလိုက်ရကြောင်း ဒေသသတင်းရင်းမြစ်များနှင့်ဒေသခံများထံမှ သိရှိရသည်။

မဟာအောင်မြေမြို့နယ်၊စိန်ပန်းစာတိုက်တန်းဘေး KK Liquor storeတွင် ရန်နိုင်ကျော်နှင့်အောင်ကျော်မိုးတို့ အရက်ဝယ်နေစဉ် လူတချို့က ဝင်ရောက် လာပြီး ပစ်ခတ်ကြောင်း၊ ပစ်ခတ်မှုကြောင့် နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားပြီး ပစ်ခတ်သူများအားလုံး ပြန်လည်ထွက်ခွာသွားကြကြောင်း၊ မိနစ် ၂၀ ခန့်အကြာတွင် စစ်တပ်နှင့်ရဲများ ရောက်ရှိလာပြီး ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။

“အရက်ရောင်းဆိုင်ထဲမှာ ၂ ဦးစလုံး အပစ်ခံရတာ‌ သေတယ်။ မိနစ် ၂၀ လောက် ကြာတော့ ရဲတွေ စစ်သားတွေ ရောက်လာပါတယ်။ အလောင်းသယ်သွားတယ်။ သေသူတွေကတော့ ဒလန်ဆိုတာတော့ ဟုတ်တယ်” ဟု‌ ဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီသတင်းပေး ၂ ဦး အသတ်ခံရပြီးနောက် မန္တလေးမြို့ နေရာအနှံ့ အပြားတွင် စစ်တပ်နှင့်ရဲများက ဂိတ်ချ စစ်ဆေးမှုတချို့ရှိနေပြီး စိန်ပန်းဘက်တွင်လည်း ရဲကားနှင့်စစ်ကားတချို့မြင်ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီသတင်းပေးနှစ်ဦး အသတ်ခံရပြီးနောက် ရဲများ ရောက်ရှိလာပြီး ပိတ်ဆို့ စစ်ဆေးရန် ပြင်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article