33 C
Yangon

ကရင်ပြည်နယ်နှင့်စစ်ကိုင်းအတွင်းရှိ ရှေ့တန်းတပ်များထံသို့ ဒရုန်း ပစ်ချသည့် Anti-Drone လက်နက်တချို့ စစ်တပ်က ပို့ဆောင်သော်လည်း အလုံ အ လောက် မပေးနိုင်သေးဟုဆို

Must read

ရန်ကုန်၊ မေ ၂၉

ကရင်ပြည်နယ်နှင့်စစ်ကိုင်းအတွင်းရှိ စစ်ကောင်စီတပ်များထံသို့ ဒရုန်းများ ပစ်ချသည့် Anti-Drone လက်နက်တချို့ကို စစ်တပ်က ပို့ဆောင်ထားသော်လည်း အလုံအလောက် မပေးနိုင်သေးကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ‌ သေ့ဘောဘိုး စခန်းကို KNLA နှင့် ပူး ပေါင်းတပ်များက မေလ ၁၈ ရက်နေ့ တိုက်ခိုက်သိမ်းပိုက်ရာတွင် ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ ထောက်လှမ်းခြင်းများ ရှိခဲ့ခြင်း၊ စစ်ကိုင်းတိုင်းအတွင်းတွင်လည်း စစ်ကောင်စီတပ်များ၏ စစ်ကြောင်းများကို ဒရုန်းဖြင့် ဗုံးကျဲခြင်းနှင့် ထောက်လှမ်းခြင်းများ တွင်ကျယ်လာသည့် အတွက် ဒရုန်းပစ်ချသည့် Anti-Drone လက် နက်များကို စစ်တပ်က ရှေ့တန်းတပ်များထံ ပို့ဆောင်ခြင်းဖြစ်ကြောင်း၊ သို့ရာ တွင် အလုံအလောက် မပေးနိုင်ကြောင်း သိရှိရသည်။

” စစ်ကိုင်းနဲ့ ကရင်မှာ ဒရုန်းနဲ့ ဗုံးကျဲခံရတာတွေ ထောက်လှမ်းခံရတာတွေက ဗီဒီယိုဖိုင်တွေ ခဏခဏ တက်တော့ Anti -Drone တွေ ပေးမယ်ဆိုပြီး စီမံချက်ဖြစ်လာတာပါ။ ဒါပေမယ့် လိုအပ်ချက်နေရာက များတော့ အလုံ အ လောက် မပေးနိုင်ဘူး။ အခုတော့ အင်အား ၁၀၀ ပါ စစ်ကြောင်း တစ်ခုမှာ Anti-Drone တစ်ခုတော့ ဖြစ်အောင် ထားမယ်ဆိုတာမျိုးတော့ ရည်ရွယ်ထားတယ်။ ပစ္စည်းကတော့ အလုံအလောက် ရှိကို မရှိဘူး” ဟု စစ်တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

လက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်များတွင် ဒရုန်းများဖြင့် စစ်ကောင်စီတပ်များကို တိုက်ခိုက်သည့် သီးသန့်ဒရုန်းတပ်ဖွဲ့များ ဖွဲ့စည်းတည်ထောင်ထားပြီး ဒရုန်းဖြင့် တိုက်ခိုက်မှုကို နည်းပညာအားဖြင့်သော်လည်းကောင်း၊ တိုက်ခိုက် စွမ်းရည် တိုးတက်လာစေရန်အတွက်လည်းကောင်း အရည်အချင်းမြှင့်တင် လေ့ကျင့်မှုများ လုပ်ဆောင်နေကြောင်း PDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်နှင့်ရဲ အသုံးပြုနေသော Anti-Drone လက်နက်တစ်ခု။(ပုံအဟောင်းဖြစ်ပါသည်)

Photo- JFM

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article