ရန်ကုန်၊ မေ ၂၉
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဇရပ်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က မေလ ၂၉ ရက်နေ့ နံနက် ၇ နာရီ ၃ဝ မိနစ်ခန့်က စတင်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁ဝဝ ခန့် မီးလောင်ပြာကျခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်သည် ဇရပ်ကုန်းရွာကို ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၁ဝဝ ကျော်ခန့် မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။
ဇရပ်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် မကျန်းကန်ရွာကို ထပ်မံ ဝင်ရောက် စီးနင်း မီးရှို့ခဲ့ကာ လက်ရှိချိန်တွင် စစ်တပ်က တမဆေးကန်ရွာအတွင်း ရောက်ရှိနေကြောင်း သိရသည်။
တမဆေးကန်နှင့် မကျန်းကန်သည် တစ်ဆက်တည်းဖြစ်ပြီး ပေ ၂၀၀ ဝန်းကျင်သာ ကွာဝေးသောကြောင့် ဒေသခံပြည်သူများသည် မကျည်းကန်ရွာအတွင်းသို့ ဝင်ရောက် မီးငြိမ်းနိုင်ခြင်း မရှိသောကြောင့် မီးလောင် ဆုံးရှုံးမှု များပြားနိုင်ကြောင်း သိရသည်။
Photo – ကိုနွေဦး- မြောင်



