35 C
Yangon

ကလေးမြို့၊ တာဟန်း စာသင်ကျောင်းအနီး တပ်စွဲထားသော စစ်ကောင်စီတပ်ကို PDF တပ်ပေါင်းစု ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်ဘက်မှ အနည်းဆုံး ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂၉

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက် စာသင်ကျောင်းအနီး တပ်စွဲထားသော စစ်ကောင်စီတပ်ကို PDF တပ်ပေါင်းစုက ယမန်နေ့ညနေပိုင်းမှစတင်ပြီး ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အနည်း ဆုံး ၂ ဦးသေဆုံးကြောင်း PDF -Zomi က သတင်းထုတ်ပြန်သည်။

မေလ၂၈ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်မှစတင်ပြီး Zomi PDF ၊ CSS ၊ CNDF ၊ PDF Kalay ၊ GRF တပ်ဖွဲ့များက ကလေးမြို့တာဟန်း(နေကြာတိုက်) အနီးတပ်စွဲထားသော စစ်ကောင်စီတပ်များကို ပစ်ခတ်တိုက်ခိုက်ရာ အနည်းဆုံး စစ်သား ၂ ဦးသေဆုံးပြီး ခန့်မှန်းခြေ ၄ ဦးဒဏ်ရာရရှိနိုင်ကြောင်း ၊ တိုက်ခိုက်မှုမှာ ပြည်သူများထံမှ တရားမဝင် မီတာခများ တောင်းခံခြင်းကြောင့်ဖြစ်ပြီး မီ တာခ မကောက်ရန် မကြာခဏ သတိပေးခဲ့ပြီးဖြစ်ကြောင်း Zomi PDF က ဆိုသည်။

ယမန်နေ့ ည ၈ နာရီခန့်တွင် တိုက်ပွဲများ ပြီးဆုံးခဲ့သော်လည်း စစ်တပ်က ကလေး မြို့ပေါ် တာဟန်းရပ်ကွက်ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် ပြည်သူ့နေအိမ်တစ်လုံးထိမှန်ကာ ပြည်သူ ၃ ဦးသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“လက်နက်ကြီးတွေ လက်နက်ငယ်တွေက မိုးရွာတဲ့အတိုင်းပစ်ကြတာ။ အတော်များတယ်။ စစ်တပ် တပ်စွဲထားတဲ့ စာသင်ကျောင်း မီးလောင်တယ်။ ပြည်သူအိမ်တစ်လုံးမီးလောင်သွားတယ်” ဟု ကလေးမြို့ဒေသခံတစ်ဦးက ယမန်နေ့ည တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ပြောဆိုသည်။

ဓာတ်ပုံ- စစ်တပ်တပ်စွဲထားသော စာသင်ကျောင်း ယမန်နေ့ည တိုက်ပွဲအပြီး ပျက်စီးမှု မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article