27 C
Yangon

ပဲခူး၊ ရေတာရှည်မြို့နယ်တွင် စစ်အရာရှိလိုက်ပါလာသော ကားအပါအဝင် စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်၊ ကန့်ဘလူမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၆ ဦးသေ ဆုံး

Must read

ရန်ကုန်၊ မေ ၂၉

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကြာကန် ၊ ထုံးဘိုကြီး ဗျူဟာလမ်းအတိုင်း မောင်း နှင်လာသည့် စစ်အရာရှိကား အပါအဝင် စစ်ကား ၂ စီးကို ယနေ့ညနေပိုင်းတွင် သံတောင်မြောက်ပိုင်းအထူးဒေသတပ်ဖွဲ့ NTDF က ရှေ့ထွက်ပြောင်းနှင့်ကြားဖြတ်တိုက်ခိုက်ကြောင်း NTDF မှ ဗိုလ်မုတ်ဆိတ်က ပြောဆိုသည်။

မေလ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန် ရေတာရှည်၊ ကြာကန် ထုံးဘိုကြီး ဗျူဟာလမ်းအတိုင်းလာသော စစ်တပ် အရာရှိ လိုက်ပါသော ကား အပါ အဝင် စစ်ကား ၂ စီးကို ရှေ့ထွက်ပြောင်းနှင့် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် နောက်မှ လိုက်ပါသော စစ်ကားကို ထိခိုက်သွားသော် လည်း အထိအခိုက် မသိရှိရသေးကြောင်း ဗိုလ်မုတ်ဆိတ်က ပြောဆိုသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ယနေ့နှင့် ယမန်နေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

မေလ ၂၈ ရက်နေ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ယင်းတိုက်ကျေးရွာမှ လု ယက်ပြီးထွက်လာသော စစ်တပ်နှင့်ပျူစောထီးများကို Armed Revolutionary Force K.U အဖွဲ့နှင့် ကန့်ဘလူ UGတို့က ပူးပေါင်း၍ ၅ ပေ အကွာမှ အနီးကပ်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၉ ဦး သေဆုံးကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ ညနေ ၃ နာရီ ၁၅ မိနစ်ဝန်းကျင် ကန့်ဘလူနယ် ၊ ယင်းတိုက်ကျေး ရွာဘုန်းကြီးကျောင်းသို့ ခင်ဦးနယ်မှ လာရောက်သည့် စစ်ရှောင်ပြည်သူများကို ဖမ်းဆီးရန် ကာဘိုးမှ စစ်တပ် ဆိုင်ကယ် ၁၅ စီး ဖြင့် အင်အား(၃၀) ပါစစ်ကြောင်းထွက်လာကြောင်း၊ အဆိုပါ စစ်ကြောင်းသည် ပြည်သူပိုင် ဒိုင်နာ ၁၀ပေ တစ်စီး၊ ပုဇဉ်းကောင်းထွေလာ ၁ စီးကို ခိုးယူလာကြောင်း၊ ယင်းစစ် ကြောင်းနှင့် S.M.C မူးဘောင်နှင့် DY1 မူးဘောင် ရေတံခါး ပေါ် အရောက်တွင် ကန့်ဘလူ UG (စိန်ဗေဒါ) ၊ခင်ဦး ဒေသခံကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးကြောင်း KBU ကန့်ဘလူတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ယင်းနောက် ကာဘိုးသို့ဆက်လက်ထွက်ခွာသွားသော စစ်ကြောင်းကို ကျောက် တိုင်ရွာအလွန်တွင် ထပ်မံ မိုင်း ၁ ကြိမ်ဆွဲတိုက်ခိုက်ရာ ဆိုင်ကယ်ပေါ်ပါစစ် သား ၄ ဦး သေဆုံးခဲ့ပြီး တိုက်ခိုက်မှု နှစ်ကြိမ်အတွင်း စုစုပေါင်း စစ်သား ၇ ဦး သေဆုံးကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်၏ ကားများ။

Photo – AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article