33 C
Yangon

ရွှေပေါက်ကံ တောင်ငူလမ်းပေါ်ရှိ ဘောလုံးကွင်းတွင် တပ်စွဲထားသော စစ်တပ်ကို လက်လုပ် RPG ဖြင့် ပစ်ခတ်

Must read

ရန်ကုန်၊ မေ ၂၉

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့၊ တောင်ငူလမ်းပေါ်ရှိ ဘောလုံးကွင်းတွင် တပ်စွဲထားသော စစ်တပ်ကို လက်လုပ် RPG ဖြင့် MUPDF ( Myanmar Underground People Defence Force)က ပစ်ခတ်ခဲ့ကြောင်း အဆိုပါ အဖွဲ့က ပြောဆိုသည်။

မေလ ၂၉ ရက်နေ့ ည ၇ နာရီအချိန် ရွှေပေါက်ကံမြို့၊ တောင်ငူလမ်းပေါ်ရှိ ဘောလုံးကွင်း၌ တပ်စွဲထားသော စစ်တပ်ကို MUPDF ( Myanmar Underground People Defence Force)က လက်လုပ် RPGဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ထိခိုက်မှု အခြေအနေ မသိရှိရသေးဘဲ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး။ (ပုံအဟောင်းဖြစ်သည်)

Photo- အီးပီအေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article