32 C
Yangon

ပုသိမ်ကြီးရဲစခန်းမှ ရဲတပ်သား ရာဇာသိန်း ပစ်ခတ်ခံရပြီး သေဆုံး၊ ရေးမြို့တွင် စစ်ကား ၂ စီး ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၃

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရဲစခန်းမှ ရဲတပ်သား ရာဇာသိန်း ယနေ့ ပစ် ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော နတ်ဆိုး ပျောက်ကြားတပ်ဖွဲ့ထံမှ သိရှိရသည်။

“ပုသိမ်ကြီးရဲစခန်းထဲက ရဲတစ်ကောင် ကုန်းတန်းနဲ့မဲကင်းကုန်းလမ်းကြားထဲမှာ မွန်းလွဲ ၂နာရီ ၄၀ မိနစ်လောက်ကသေနတ် ၄ချက်နဲ့ အပစ်ခံရလိုက်ရတယ်လို့သိရပါတယ်။ နေရာမှာပဲ သေဆုံးသွားပြီး လူနာတင်ကားနဲလာခေါ်သွားတယ်လို့ သိရပါတယ်” ဟု နတ်ဆိုးပျောက်ကြားတပ်ဖွဲ့ရဲဘော်က ဆိုသည်။

အလားတူ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှ ရေးမြို့ဘက်သို့ ထွက်ခွာသွားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကား ၂ စီးကို အေးကမ္ဘာရွာနှင့် ပိန္နဲတောရွာကြားတွင် ယမန်နေ့ ဇွန်လ ၂ ရက် နံနက် ၉ နာရီ ၁၃ မိနစ်၌ တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့ (မွန်ပြည်နယ်) က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article