By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၄ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
– စစ်အာဏာရှင်စနစ် အဆုံးသတ်ချုပ်ငြိမ်းရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အတွက် မိတ်ဖက် ဒီမိုကရေစီအင်အားစုတွေ နဲ့ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ နဲအတူ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမှာဖြစ်ပြီး ကယန်းပြည်သစ်- တပ်မတော်သားတိုင်း နိုးနိုးကြား ကြားရှိနေကြဖို့ အထူးလိုအပ်တယ်လို့ Kayan Newland Army စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်- မြားနိုက ပြောပါတယ်။
– မန္တလေးတိုင်း၊ ရမည်းသင်းမှာ အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးထောက်ခံပွဲအတွက် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တွေက တစ်အိမ်တစ်ဦး မတက်မနေရ ခြိမ်းခြောက် ခေါ်ယူနေတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်၊ ကျတ်ထိုးနယ်မြေ -ရဲကင်းစခန်းက ရဲတပ်သား ဖြိုးမင်းအောင် ဟာ ဇွန်လ ၃ ရက်နေ့မှာ လက်နက်နဲ့ တကွ အလင်းဝင်လာတယ်လို့ မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး MVRF ဆီကနေ သိရပါတယ်။
– ကရင်နီပြည်နယ်၊ ဖယ်ခုံ – လွိုင်ကော် လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ် ထုတ်ကုန်ဖြစ်တဲ့ ဒဂုန်ဘီယာ တွေ တင်ဆောင် လာတာတွေ့လို့ သိမ်းဆည်းပြီး ဖျက်ဆီးလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။