ရန်ကုန်၊ ဇွန် ၄
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြေးမုံရွာအဝင်ဇရပ်တွင် ဂိတ်ကြေးဖွင့်ပြီး ခရီး သွား ပြည်သူများထံမှ ဆက်ကြေးကောက်နေသော ပိုက်ဆံတောင်းရမ်းသူ ပျူစောထီး ၂ ဦးကို ဇွန်လ ၄ ရက် နံနက်ပိုင်းတွင် ပစ်ခတ်ရာ သေဆုံးသွားကြောင်း မုံရွာစေတန်အဖွဲ့ကပြောဆိုသည်။
တောပုရွာမှ ပျူစောထီးချစ်သဲနှင့် နန်းအောင်တို့ကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် PDF ပူးပေါင်းအဖွဲ့က ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကိုင်ဆောင်သော သေနတ်တစ်လက်ကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။
ပျူစောထီးနှစ်ဦးကို မုံရွာစေတန်အဖွဲ့နှင့်အတူ Special Force 11၊ Monywa Hero Group၊ Monywa The Boy၊ Special ဒိတ်ဒိတ်ကြဲ အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“”မုံရွာခရိုင် မုံရွာမြို့နယ် တောပုရွာမှ ပျူနှစ်ကောင် အတင်းအဓ္ဓမ ပိုက်ဆံကောက်ခံနေကြောင်း သတင်းရသောကြောင့် ပျောက်ကျားအဖွဲ့ငါးဖွဲ့မှ သွား ရောက်ရာ ကြေးမုံ ဇရပ်ပေါ်၌ ရှိသောပျူနှစ်ကောင်အား ပစ်ခတ်တိုက်ခိုက်ရာချစ်သဲနှင့် နန်းအောင်ဆိုသော ပျူစောထီးများကိုထာဝရငရဲသို့ အပြီးအပိုင်နှင်လွှတ်ခဲ့ပါတယ်” ဟု မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မုံရွာခရိုင်တပ်ရင်း (၁)က သတင်းထုတ်ပြန်သည်။
အလားတူ ယနေ့ နံနက် ၁၁ နာရီ ၀၅ ခန့်တွင် အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် မုံရွာမြို့ပြပြောက်ကျားရဲဘော်များနှင့် M.A.C.T ထောက်ပို့တပ်၊Monywa Night King ရဲဘော်များပူးပေါင်း၍ မုံရွာမြို့၊နန္ဒ၀န်နယ်မြေ၊အိမ်ခြံမြေပွဲစား၊စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံထားရသူ ငလင်းကို ကျည်တတောင့်ဖြင့် ရှင်းလင်းခဲ့ကြောင်း၊ ငလင်းသည် မုံရွာမြို့ပြမြေပေါ်မြေ အောက်ရဲဘော်များ ဖမ်းဆီးခံရမှုများတွင်ပါဝင်ပတ်သက် နေကြောင်း သတင်းသက် သေ၊မျက်မြင်သက်သေ၊အချက်အလက်သက်သေများဖြင့်အတည်ပြုခဲ့ပြီးနောက် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း PDF ပူးပေါင်းအဖွဲ့က သတင်းထုတ် ပြန် သည်။

