ရန်ကုန်၊ ဇွန် ၅
စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ် ရွှေညောင်ပင်ရွာနှင့် ပုဂံတောင်ရွာကြားရှိ ရွှေပုဂံကျောင်းတိုက်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၃၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဖောင်းပြင် PDF တပ်ဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အဖွဲ့များ တပ်စွဲထားသော နေရာကို ဖောင်းပြင် PDFနှင့် ပကဖ ပူးပေါင်းအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်နှင့် ပျူစောထီး အဖွဲ့များက အပြင်းအထန် ခုခံခဲ့ကာ ဖောင်းပြင်မြို့မရဲစခန်းမှ အကြမ်းဖက် စစ်တပ်ထံ စစ်ကူမလာနိုင်ရန် ကာကွယ်ရေး တပ်ဖွဲ့များက သွားရောက် ပစ်ခတ်ခဲ့သော်လည်း ဖောင်းပြင် အခြေစိုက် ခြေမြန်တပ်ရင်းများမှစစ်ကူများက ငှက်ပျောတောရွာဘက်မှ ဝင်ရောက်တိုက်ခိုက်လာတဲ့အတွက် စခန်းကို သိမ်းပိုက်နိုင်ခြင်း မရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲတွင် ကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော် ၁ ဦးကျဆုံးပြီး ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ စစ်တပ်နှင့် ပျူစောထီးဘက်မှ ၃၀ ကျော်ထက်မနည်း ကျဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိကည ယနေ့ ဇွန်လ ၅ ရက်နေ့တွင် စစ်သား ၁၅ ဦး လိုက်ပါလာသော ကား၂ စီးဖြင့် စစ်သားနှင့် ပျူစောထီး အလောင်းများ ကောက်သွားကြောင်း သိရသည်။