38 C
Yangon

ရန်ကုန်တွင် “ ရန်ကုန်မြို့ပြ သူပုန်ထကြွ “ ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဖြုတ်ချရေး လူငယ်များက ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ ဇွန် ၅

“ ရန်ကုန်မြို့ပြ သူပုန်ထကြွ “ ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဖြုတ်ချရေး လူငယ်များက ယနေ့ ချီတက် ဆန္ဒပြကြသည်။

စနစ်တစ်ခုနှင့်ဖိနှိပ်မှုတစ်ခုကို လက်မခံဘဲ တွန်းလှန်ပုန်ကန်နေသော ရန်ကုန်မြို့မှ ပုန်ကန်သောလူငယ်များစုပေါင်း၍ “ရန်ကုန်မြို့ပြ သူပုန်ထကြွ”ဟူသော စာသားအား ကိုင်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်သပိတ်မှောက်ကြသည်။

ပုန်ကန်သူလူငယ်များသည် စစ်ကောင်စီ၏ များစွာသော ဖိနှိပ်မှုများကြားမှ အခက််အခဲများစွာဖြင့် ရန်ကုန်မြို့ပြနှင့်အတူ ရုန်းကန်တော်လှန်နေကြပြီး ပြည်သူများအနေဖြင့်လည်း ရန်ကုန်၏ မြို့ပြတော်လှန်ရေးအဖွဲ့အစည်းများဖြစ်သည့် သပိတ်အဖွဲ့အစည်းများမှရဲဘော်များနှင့် UGရဲဘော်များကို ကူညီထောက်ပံ့ပေးရန် အထူးလိုအပ်ကြောင့် လူငယ်များကတောင်းဆိုကြသည်။

Yangon Revolution Force – YRFသည် ယနေ့တွင် တည်ထောင်ခြင်း (၁)နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး ယနေ့သပိတ်စစ်ကြောင်းတွင် ထုတ်ဖော်ပြသခဲ့သည့် “ငါတို့သေလျှင်တောင် ၊ ရန်ကုန်အတွက် ငါတို့ဝိဥာဉ် ဥဒါန်းတည်လျက်ရှိနေမယ် “ ဆိုသည့်အတိုင်း YRFအနေဖြင့်လည်း မြေပေါ်မြေအောက်စုဖွဲ့မှုကောင်းစွာဖြင့် အဆုံးထိ ဆက်လက်တိုက်ပွဲဝင်နေမည်ဟု အသိပေးထုတ်ပြန်သွားသည်။

ယနေ့ သပိတ်စစ်ကြောင်းအား Yangon Revolution Force – YRF (Soft Strike Community)၊ Revolution Force – RF၊ PBYSC (ပုဇွန်တောင်၊ ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ)၊အခြေခံကျောင်းသားများရေးရာအဖွဲ့ (အကရ)၊ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ(YRSC)၊ ထားဝယ်အခြေခံပညာကျောင်းသားများသမဂ္ဂ – ထဝအကသ နှင့် တော်လှန်လူငယ်များပူးပေါင်းကာ အင်တိုက်အားတိုက်ချီတက်သပိတ်မှောက်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article