26 C
Yangon

ဖရူဆို ခမရ ၄၂၈ တပ်ရင်းနှင့် ရဲစခန်းကို ကရင်နီပူးပေါင်းအဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်

Must read

ရန်ကုန်၊ ဇွန် ၅

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၈ တပ်ရင်းနှင့် မြို့မရဲစခန်းကို ကရင်နီပူးပေါင်းအဖွဲ့က ယနေ့ ဇွန်လ ၅ ရက် နံနက်ပိုင်းတွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ထက်မနည်း ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၄ က သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် ၁၀ နာရီ တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နာရီဝက်ခန့်ကြာမြင့်ခဲ့ကြောင်း မြို့မရဲစခန်းကို တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးကြောင်း ခမရ ၄၂၈ ကို တိုက်ခိုက်ရာတွင် ထိခိုက်သေဆုံးမှုရှိပေမယ့် အရေအတွက်ကို အတည်ပြု၍ မရကြောင်း ထုတ်ပြန်ထားသည်။

ဖရူဆိုမြို့ရှိ တပ်ရင်းနှင့် မြို့မရဲစခန်းကို KNDF တပ်ရင်း ၄၊ တပ်ရင်း ၈ နှင့် ဖရူဆို PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ – KNDF တပ်ရင်း ၄ တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article