38 C
Yangon

မကွေးတိုင်း တောင်ရွာမကျေးရွာတွင် ဗိုလ်ကြီးအောင်ချစ်ပို၏ အစ်မ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သွယ်သွယ် အသတ်ခံရ ပြီး အလောင်းကို သဂြိုလ်မည့်သူမရှိ

Must read

ရန်ကုန်၊ ဇွန် ၅

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် တောင်ရွာမကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ဗိုလ်ကြီးအောင်ချစ်ပို၏ အစ်မလည်းဖြစ်သူ အုပ်ချုပ်ရေးမှူး သွယ်သွယ်ကို ဇွန်လ ၂ ရက်နေ့ ညက PDF တပ်ဖွဲ့အချို့ ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဇွန်လ ၄ ရက်နေ့တွင် အလောင်းပြန်လည်တွေ့ရှိရကာ သဂြိုလ်မည့်သူမရှိဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

တောင်ရွာမကျေးရွာ အုပ်ချုပ်ရေးမှူး သွယ်သွယ်ကို PDF များက ဖမ်းဆီးခေါ်ဆောင်သွားပြီး မကြာခင် ရွာရှိ ဒလန်သတင်းပေး၍ ရဲများ သေနပ်ပစ်ဖောက်ဝင်ရောက်လာသည့်အတွက် ရွာသူ ရွာသားများ ပြောင်းရွှေ့ထွက်ပြေးနေကြောင်း ကျေးရွာဒေသခံများထံမှ သိရှိရသည်။

“PDF လက်နက်ကိုင်တွေက သူကြီးမကို ပြည်သူတွေဆီက မတရားသဖြင့် ဂုတ်သွေးစုပ်ယူထားတဲ့ ငွေတွေ ဘယ်မှာလဲ မေးတယ်။ သူ့သားဖြစ်သူက “ကားဝယ်စီးလိုက်ပြီ”တဲ့ ။ PDF တွေ လာမဖမ်းခင် ဟိုအရင်တစ်ခါက ထွက်စာ တင်ခိုင်းတယ် သူက မနုတ်ထွက်ဘူး။ အုပ်ချုပ်ရေးမှူးမလည်း ကြိုသိနေပုံထောက်တယ်။ ကားပေါ်မှာ ဆန်၊ ဆီ၊ဆား၊ အိမ်ပစ္စည်းတွေတင်ပြီး ထွက်ပြေးဖို့ ပြင်နေတယ်။ ကံဆိုးချင်တော့ ကားက နှိုးမရဘူးဖြစ်နေတယ်” ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။

အုပ်ချုပ်ရေးမှူး သွယ်သွယ် ၏ မောင်ဖြစ်သူမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွင် ဗိုလ်ကြီး အောင်ချစ်ပို ဆိုသူ ဖြစ်ပြီး သူ့ အစ်မကို ဖမ်းသည့် သတင်းကြား၍ ရွာကို မီးရှို့ရန် စစ်ကားများ လွှတ်လိုက်ကြောင်း၊ ရွာရှိ မိဘ၊ မောင်နှမများကို ကားနှင့် လာခေါ်သွားကြောင်း၊ အုပ်ချုပ်ရေးမှူးမ၏ အလောင်းကို သင်္ဂြိုဟ်ရန် မည်သူကမှ မလာရောက်ကြကြောင်း ဒေသခံများက ပြောပြသည်။

လက်ရှိအချိန်တွင် ကျေးရွာသူ ရွာသားများမှာ အကြမ်းဖက်စစ်ကောင်စီဝင်များ ဖမ်းဆီးမည်စိုး၍ တောထဲတွင်သာ တိမ်းရှောင်နေကြရကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

ဓာတ်ပုံ- ဗိုလ်ကြီးအောင်ချစ်ပို၏ အစ်မ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သွယ်သွယ်၏ အလောင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article