31 C
Yangon

ရေစကြို ဆင်ဖြူရှင်တံတားဂိတ်စခန်းကို PDF က ဝင်တိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ၁ ဦးအရှင်ဖမ်းမိ၊ လက်နက် ၈ လက်၊ ကျည်ဆန် ၁၀၀၀၊ ငွေကျပ် သိန်း ၁၁၀၊ ဆိုင်ကယ် ၄ စီး သိမ်းဆည်းရမိ၊ ဂိတ်စခန်းကို မီးရှို့ ရှင်းလင်း

Must read

ရန်ကုန်၊ ဇွန် ၉

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားဂိတ်စခန်းကို PDF က ဝင်တိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ၁ ဦးအရှင်ဖမ်းမိကြောင်း၊ လက်နက်အများအပြား သိမ်းဆည်းရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဆားလင်းကြီးမြို့နယ် (Salingyi Special Task Force) ညီနောင်မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ ရေစကြိုမြို့ နယ် ဆင်ဖြူရှင်တံတားဂိတ်စခန်းအား ယနေ့နေ့လည် ၁၂ နာရီမှ ၁ နာရီထိ တစ်နာရီကြာ တိုက်ခိုက်ပြီး အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကြောင်း၊ အများအပြားထိခိုက်ဒဏ်ရာဖြင့် ထွက်ပြေးသွားကြကြောင်း၊ G-3 ၄ လက် ၊ အူစီ ၃ လက် ၊ခြောက်လုံးပြူး ၁ လက် နှင့် ကျည်ဆန် ၁၀၀၀ ၊ဆိုင်ကယ် ၄ စီး၊ ငွေသား သိန်းတစ်ရာ့တစ်ဆယ် ၊ဗုံးသီး ၁ လုံး သိမ်းဆည်းရမိပြီး ဂိတ်စခန်းကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article