33 C
Yangon

ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်မှ ဆောင်ဒူလာကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်၊ ပြည်သူ ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၁၁

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၀၂ တပ်ရင်းက ယမန်နေ့ ဇွန်လ ၁၀ ရက် ည ၉ နာရီခန့်တွင် ဆောင်ဒူလာကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူ ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိသွားကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆောင်ဒူလာကျေးရွာအတွင်းသို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ကျည်ထိမှန် ပျက်စီးခဲ့ပြီး အသက် ၅၄ နှစ် အရွယ် ဦးကိုရီ သေဆုံးခဲ့ကာ ဆယ်ကျော်သက် အမျိုးသမီး ၂ ဦးနှင့် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး ဒဏ်ရာရခဲ့သည်။

စစ်ရှောင်ပြည်သူအများအပြား လာရောက်ခိုလှုံနေသော ဒီးမော့ဆိုမြို့အနောက်ဘက်ရှိ ဆောင်ဒူလာကျေးရွာကို စစ်ကောင်စီ၏ ခလရ ၁၀၂ တပ်ရင်းက ပြည်သူများ အိပ်စက်အနားယူချိန် ညပိုင်းတွင် လက်နက်ကြီးဖြင့် ချိန်ရွယ် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူများမှာ ညတွင်းချင်း ထပ်မံ တိမ်းရှောင်ကြရကြောင်း ဒီးမော့ဆို PDF က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ အကြောင်းမဲ့ လက်နက်ကြီး လက်နက်ငယ်များပစ်ခတ်ခြင်း လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် ဒီးမော့ဆိုမြို့နယ်တွင်းရှိ ပြည်သူ ၁၀၈ သေဆုံးခဲ့ရသလို ကရင်နီပြည်နယ်အတွင်း စစ်ရှောင်ပြည်သူ ၂၀၀,၀၀၀ ဝန်းကျင် ရှိကြောင်း သိရှိရသည်။

ပြီးခဲ့သည့် မတ်လအတွင်း၌လည်း အကြမ်းဖက်စစ်ကောင်စီသည် ဆောင်ဒူလာကျေးရွာအတွင်းသို့ လေကြောင်းမှတဆင့် လူအရွယ်အစားခန့် ကြီးမားသော ဗုံးကြီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့သည်။

Photo – ဒီးမော့ဆို PDF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article