35 C
Yangon

ကျောက်ကြီးမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ ဧပြီ ၁

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁လက်နှင့် ခဲယမ်းများယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

မတ်လ ၂၉ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ-၅၈၁ တပ်ရင်းမှ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရသော စစ်မှုထမ်း တပ်သားသစ် အသက် ၂၄ နှစ်အရွယ် မောင်ကျော်စိုးလွင်သည် မုန်းမြို့နယ်၊ တောင်စုကျေးရွာ၌ အထိုင်ချတပ်စွဲထားစဉ် ကရင်အမျိုသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း ၉ ထံသို့ လက်နက်ချအ လင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ အလင်းဝင်လာစဥ် K-3 သေနတ် ၁ လက် နှင့် အတူ ကျည်ဘောက် ၄ ခု ကျည်အတောင့် ၁၀၀ ပါယူဆောင်လာသောကြောင့် လယ်ဒိုမြို့နယ် တာဝန်ရှိ ခေါင်းဆောင်များက ငွေကျပ် ၁၀ သိန်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ ဆက်လက်၍ အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခံရသူ များအနေဖြင့် နီးစပ်ရာ တော်လှန်ရေး တပ်ဖွဲ့များထံသို့ လက်နက်ချ အလင်းဝင်ရောက်ကြရန် KNU ဗဟိုက တိုက်တွန်းထားသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စတင်၍ မတ်လ အထိ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်စခန်း ၂ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်လက်နက် ပစ္စည်း အမြှောက်အများကို သိမ်းဆည်း နိုင်ခဲ့ကြောင်း၊ ထို့ပြင် စစ်မှုထမ်း ဥပဒေ ကြောင့် ဖမ်းဆီးကာ စစ်မှုထမ်း စေခိုင်းခြင်းခံထားရသော ပြည်သူ့စစ်မှုထမ်း တပ်သား ၄၁ ဦးသည်လည်း ကေအဲန်ယူ-လယ်ဒို (ကျောက်ကြီး)မြို့နယ်သို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article