30 C
Yangon

မတူပီတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရမှု ၁၆ ဦးထက်မနည်းသေဆုံးပြီး ၁၀ ဦး ခြေပြတ်လက်ပြတ်ဖြစ်၊ ရေစကြိုတွင် မိုင်းဆွဲမှုကြောင့် စစ်သား ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၁

ချင်းပြည်နယ်၊ မတူပီမြို့နယ် ၀လံပီကျေးရွာနှင့်ကလားကျေးရွာအကြားတွင် ဇွန်လ ၇ ရက်နေ့ ညနေ ၅ နာရီတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၆ ဦးထက်မနည်း သေဆုံးသွားကြောင်း ဒေသကာကွယ်ရေး သတင်းရင်းမြစ်မထားထံမှ သိရှိရသည်။

ဇွန်လ ၇ ရက်နေ့ ညနေ ၅ နာရီအချိန် ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် ၀လံပီကျေးရွာနှင့်ကုလားကျေးရွာအကြား ချီတက်လာသော စစ်ကြောင်းကို ပဒေသာမိုင်း ၃ လုံးဆွဲပြီး တိုက်ခိုက်ရာ စစ်သား ၁၆ ထက်မနည်းသေဆုံးနိုင်ကြောင်း ၊ ၁၀ ဦးထက်မနည်း ခြေပြတ်လက်ပြတ် ဖြစ်သွားကြောင်း သိရှိရသည်။

“၀လံပီးနဲ့ ကလားရွာကြွား Va Ngai Ceng, ချိုင့်ခွက် နေရာမှာ CDF မတူပီ မှကျွေးလိုက်တဲ့ မိုင်း ၃ လုံးအပါ၀င် လက်နက်ငယ် တိုက်ပွဲကြောင့် စစ်သား ၁၆ ဦး သေပါတယ်။ ခုနောက်ပိုင်း မတူပီ ပလက်၀ ခရီးကို ခြေကျင်နဲ့ စစ်သား တွေသွား နေရတယ်။ ထယ်ဘွေး ( မတူပီ -ပလက်၀) နယ်စပ်တော့တော့ရောက်ပြီပြောတယ်။ AA ကို ထိန်းချုပ်ဖို့ စစ်တပ်က ကြိုးစားနေတာ။ စောနက တိုက်ပွဲအတွင်းခြေပြတ်လက်ပြတ်က စစ်သား ၁၀ ဦးကျော်တယ်။ စစ်တပ်တွေက ကားလမ်းမကြီးအတိုင်းမလာတော့ဘူး။ ၁ နာရီသွားရမယ့်ခရီးကို တောလမ်းကနေ တစ် နေကုန်သွားနေကြတယ်” ဟုဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျီးကန်ကျေးရွာအနီးတွင် အကြမ်း ဖက်စစ်သားများနှင့် ပျူစောထီးများ လိုက်ပါလာသော Hijet အမျိုးအစား မော်တော်ယာဉ်ကို ယနေ့ ဇွန်လ ၁၁ ရက် နံနက် ၉ နာရီခန့်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးလိုက်ပါလာသော အဆိုပါ Hijet ကားကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ရေစကြို-ပခုက္ကူ ကားလမ်း၊ ကျီးကန်ရွာအနီးတွင် မိုင်းခွဲခဲ့ခြင်းဖြစ်ပြီး ၂ ဦးသေဆုံးကာ ကျန် ၅ ဦးမှာလည်း ဒဏ်ရာရကြောင်း ရေစကြို PDF က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို Yesagyo PDF၊ Northern Yesagyo (N-YSO) ပြောက်ကျားတပ်၊ Myaing Rural Guerilla Force၊ Steel Hawk သံမဏိသိန်းငှက် PDF -Myaing Township စသည့် မဟာမိတ် ၄ ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ချင်းပြည်နယ်ရောက် အကြမ်းဖက်စစ်သား ၁ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article