29 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁၁ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
– အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနရဲ့ ညှိနှိုင်းပေးမှုကြောင့် ကိုရီးယားမှာ အဖမ်းခံရတဲ့ ဗီဇာမဲ့ မြန်မာလုပ်သားသုံးဦး ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ NUG အလုပ်သမား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
-Total စွမ်းအင် ကုမ္ပဏီအနေနဲ့ အမေရိကန်ဒေါ်လာ သန်း၂၅၀ကို စစ်ကောင်စီကို မပေးဖို့ အတွက် ပြင်သစ်အစိုးရကို NUG က တွေ့ဆုံဆွေးနွေးတိုက်တွန်းဖို့ သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့ Blood Money Campaign က အရေးပေါ် ကြေညာချက် ထုတ်ပြန်တိုက်တွန်းထားပါတယ်။
– ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ၀လံပီ-ကျေးရွာ နဲ့ ကလား-ကျေးရွာ အကြားမှာ ဇွန်လ ၇ ရက်နေ့ ညနေ ၅ နာရီလောက်မှာ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၆ ဦးထက်မနည်း သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေး သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
-မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျီးကန်-ကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ Hijet အမျိုးအစား မော်တော်ယာဉ်ကို ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့ မနက် ၉ နာရီလောက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article