29 C
Yangon

မြစ်ကြီးနား၊ တပ်မတော် တန်းမြင့်သင်တန်းကျောင်းတွင် အရာခံဗိုလ်အောင်သန်းက စစ်သား ၈ ဦးကို ပစ်သတ်ပြီး သေနတ် ၂ လက် ယူဆောင် လွတ် မြောက်

Must read

ရန်ကုန်၊ ဇွန် ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပြည်ထောင်ကျေးရွာ၊ အမှတ် ၇ တပ်မ တော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းတွင် အရာခံဗိုလ် အောင်သန်းက စစ်သား ၈ ဦးကို ပစ်သတ်သွားပြီး သေနတ် ၂ လက်နှင့်အတူ လွတ်မြောက်သွားကြောင်း စစ်တပ်နှင့်နီးစပ်သော သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၆ ရက်နေ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ အရာရှိတချို့က အမှတ် ၇ တပ်မတော်တန်းမြင့်သင်တန်းကျောင်းကို လာရောက်စစ်ဆေးရာတွင် လုံခြုံရေး ကင်းကျနေသည့် စစ်သား ၁၀ ဦးမှာ ဆေးသုံးစွဲပြီး မူးယစ်နေခြင်း၊ အရက်သောက်ထားခြင်းများ တွေ့ရှိသွားကြောင်း၊ ထို့ကြောင့် သင်တန်းကြီးကြပ်ရေးအရာရှိ အရာခံဗိုလ်အောင်သန်းကို ခေါ်ယူ အပြစ်ပေး ဆူပူကြောင်း၊ ထိုသို့ ခေါ်ယူ အပြစ်ပေး အဆူခံရသည့်အတွက် ကင်းကျ စစ်သားများကို အရာခံဗိုလ်အောင်သန်းက ယင်းနေ့ ညပိုင်းတွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်သား ၆ ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၂ ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း၊ ၂ ဦး လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

“မပခက ပြည်ထောင်မှာရှိတဲ့ သင်တန်းကျောင်းကို ဝင်စစ်တဲ့အခါမှာ ကင်းကျ နေတဲ့ စစ်သားတွေက အရက်မူးနေတယ်။ ဆေးချထားတာကို စစ်ဆေးတွေ့ရှိရတယ်။ အရာခံဗိုလ်အောင်သန်းကို ခေါ်ဆူတယ်။ အရာရှိကို ခေါ်ဆူတော့ အရာရှိ က စိတ်ဆိုးပြီး ကင်းကျတဲ့ စစ်သား ၁၀ ဦးကို တန်းစီခိုင်းပြီးတော့ ပစ်သတ်တာ။ ၆ ဦးက ပွဲချင်းပြီးသေတယ်။ ၂ ဦးက ဆေးရုံမှာ သေတယ်။ ၂ ဦးက တော့ ထွက်ပြေးတော့ လွတ်သွားတယ်။ ပစ်ခတ်တဲ့ အရာခံဗိုလ်အောင်သန်းက အတိုတစ်လက်၊ အရှည်တစ်လက်နဲ့ လွတ်မြောက်သွားတယ်” ဟု အဆိုပါဖြစ် စဉ်ကို သိရှိထားသော စစ်တပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောဆိုသည်။

ပစ်သတ်ခံရသည့် စစ်သား ၈ ဦး၏ အလောင်းများကို စစ်တပ်က သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၁၇ ခုနှစ်တွင် အမှတ် ၁၃ တပ်မတော်တန်းမြင့် လေ့ကျင့်ရေး သင် တန်းကျောင်းကို သွားရောက် လည်ပတ်ခဲ့သည့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article