29.8 C
Yangon

ကန်ပက်လက်တွင် CDF စခန်းကို သိမ်းယူထားသော စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ပိတ်မိနေ၊ စစ်ကူလာသော စစ်ကြောင်းများပါ ပစ်ခတ်ခံရပြီး စစ်သား ၉ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၁

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် CDF တပ်ဖွဲ့ ၏ Vakok စခန်းကို သိမ်း ယူထားသော စစ်တပ် စစ်ကြောင်း၊ စစ်ကူလာသော စစ်ကြောင်းများ၊ မြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို ယနေ့ ဇွန်လ ၁၁ ရက်နေ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း CDF-Kanpetlet တပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် CDF-Kanpetlet တပ်ရင်း ၂ ၏ Vakok စခန်းတွင် ဝင်ရောက်နေရာ ယူထားသော အကြမ်းဖက် စစ်တပ်ကို CDF-Kanpetlet တပ်ဖွဲ့က ပြန်လည် ချဉ်းကပ်ခဲ့တိုက်ခိုက်ခဲ့ကြောင်း၊ စခန်း အပြင်ဖက် ထွက်လာသော စစ်သား ၃ ဦးကို CDF တပ်ဖွဲ့ဝင်များက ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း၊ အကြမ်းဖက် စစ်တပ် တပ်ဖွဲ့ဝင်များ စခန်းအပြင်ဖက်သို့ ထွက်မလာတော့ဘဲ စခန်းရှိ ကတုတ်ကျင်းများတွင်သာ တစ် နေကုန် ဝင်ပုန်းနေရပြီး CDF-Kanpetlet နှင့်ပူးပေါင်းတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးသီးများပစ်ချခြင်း၊လက်လုပ် လက်နက်ကြီးများ အသုံးပြု တိုက်ခိုက်ခြင်းများကြောင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ပြန်လည် ထွက်လာနိုင်ခြင်း မရှိဘဲ ပိတ်မိနေကြောင်း သိရသည်။

ကန်ပက်လက်မြို့ပေါ်တွင်လည်း နံနက် ၇ နာရီမှ စတင်ကာ CDF-Kanpetlet တပ်ဖွဲ့က မြို့တွင်း ပြောက်ကျား ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး နံနက် ၈ နာရီ ၃ဝ မိနစ်တွင် ပြန်လည် ဆုတ်ခွာခဲ့ပြီး မွန်းလွဲ ၁၁ နာရီခန့်တွင် CDF-Kanpetlet တပ်ရင်း(၂) ၏ Vakok စခန်းတွင် ပိတ်မိနေသော အကြမ်းဖက် စစ်တပ် စစ် ကြောင်းကို စစ်ကူပေးရန် ကန်ပက်လက်မြို့တွင် တပ်စွဲထားသော စစ်သား ၁ဝဝ ကျော်ပါ စစ်ကြောင်းက ကတင်းချောင်းသို့ ရောက်ရှိလာကြောင်း၊ CDF-Kanpetlet တပ်ဖွဲ့ဝင်များက မြို့တွင်းပြန်လည်ဝင်ရောက်ကာ မွန်းလွဲ ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် တစ်ကြိမ် ညနေပိုင်း ၃ နာရီခန့်တွင် တစ်ကြိမ် ပြောက်ကြား စနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကူလာသော စစ်ကြောင်းများ ကန်ပက်လက်မြို့တွင်းသို့ ပြန်လည်ဝင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ် ခွာနိုင်ခဲ့ကြောင်း CDF-Kanpetlet တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- CDF ကန်ပက်လက်တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article