ရန်ကုန်၊ဇွန် ၁၂
ယနေ့နံနက်ပိုင်းအာရုဏ်ဦးတွင် “တိုင်းပြည်သေဒဏ်သင့်နေသဖြင့် ယနေ့ဘုရားပိတ်သည်” စာတန်းအား ရွှေတိဂုံစေတီတော် စောင်းတန်းမုခ်ဦးဝတွင် ချိတ်ဆွဲ၍ ရန်ကုန်လူထုသပိတ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်သည်။
အဆိုပါ လှုပ်ရှားမှုနှင့်အတူ မနက်ဖြန်ကျရောက်မည့် ၂၀၂၂ခုနှစ်၊ ဇွန်လ၊ ၁၃ရက်၊ နယုန်လပြည့်နေ့တွင် ဘုရားစေတီပုထိုးများသို့ သွားရောက်ဖူးမျှော်ခြင်းမပြုပဲ ဘုရားရင်ပြင်တော်ပေါ်၌ တိတ်ဆိတ်ခြောက်ခြားစေခြင်းဖြင့် သပိတ်မှောက်ဆန္ဒထုတ်ဖော်ကြရန် ရန်ကုန်လူထုသပိတ်က ပြည်သူတစ်ရပ်လုံးအား တိုက်တွန်းနှိုးဆော်မှုပြုအပ်သည်။
ဤလူထုလှုပ်ရှားမှု၏ရည်ရွယ်ချက်သည် နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့သည့် အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ဥပဒေမဲ့ကျူးလွန်မှုများဖြစ်သည့် လူမျိုးတုန်းသတ်ဖြတ်မှု၊ ထောင်တွင်းနှင့်စစ်ကြောရေးတွင် အသက်သေသည်အသိ ညှင်းပန်းနှိပ်ဆက်မှု၊ ဆန္ဒပြပြည်သူများအား လူမဆန်စွာ ပစ်ခက်သတ်ဖြတ်မှု၊ တရားမဝင်စစ်ခုံရုံးမှ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးများ ချိုးဖောက်ကာ တော်လှန်ပြည်သူများအား စွပ်စွဲချက်တင် ကြိုးမိန့်ပေးကွပ်မျက်ရန်ဖော်ဆောင်နေခြင်းများကြောင့် ကျွန်ုပ်တို့တိုင်းပြည်သည် ကြိမ်ဖန်များစွာ သေဒဏ်သင့်ခဲ့ရပြီဖြစ်သဖြင့် စစ်အာဏာရှင်စနစ်ဆိုးအား အလိုမရှိကြောင်း ပြည်သူ့ဆန္ဒဖော်ထုတ်ခြင်းဖြစ်သည်