25 C
Yangon

ဗုံးခွဲခံလိုက်ရသည့် မြ၀တီမြို့နယ်၊ ကြံ့ဖွတ်ရုံး

Must read

ရန်ကုန်၊ ဇွန် ၁၂

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ကြံ့ဖွတ်ရုံး ဇွန်လ ၁၁ ရက်နေ့ ယမန်နေ့ ည ၁၀ နာရီခွဲအချိန် ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မဲဆောက်ဘက်ကနေတောင် ကြားရတယ်။ ပေါက်ကွဲသံက အတော်ကို ကျယ်တယ်” ဟု မဲဆောက်ဘက်ခြမ်းတွင် နေထိုင်သူ မြန်မာတစ်ဦးက ပြောသည်။

မြ၀တီမြို့ခံတစ်ဦးကလည်း ယင်းဗုံးပေါက်ကွဲမှုကြောင့် အိမ်များတုန်သွားပြီး လူ ထိခိုက်မှု မရှိကြောင်း ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article