ရန်ကုန်၊ ဇွန် ၁၂
ရုရှား Aviacon Zitotrans လေကြောင်း လိုင်း၏ ကုန်တင်လေယာဉ် IL76TD ဖြင့် စစ်လက်နက်ဆိုင်ရာ ပစ္စည်းများကို သယ်ဆောင်လျက် နေပြည်တော်လေဆိပ်သို့ ကို ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိလာကြောင်း စစ် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၁ ရက်နေ့ ညပိုင်းတွင် ရုရှား Aviacon Zitotrans လေကြောင်း လိုင်း၏ လေယာဉ်ခရီးစဉ်အမှတ် AZS1701 ဖြင့် ကုန်တင်လေယာဉ် IL76TD ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ လေယာဉ်တွင် အဓိကအားဖြင့် စစ်လက်နက်ဆိုင်ရာ ပစ္စည်းများကို အဓိသယ်ယူလာခြင်းဖြစ်ကြောင်း၊ ယနေ့ နေ့လယ်ပိုင်းတွင်နေပြည်တော်မှ ရုရှားသို့ လေကြောင်းခရီးစဉ် AZS 1702 အဖြစ် ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။
“ဘာကုန်စည်ဆိုတာ မဖော်ပြထားပေမယ့် စစ်လက်နက်တွေပဲ လာပို့တာပါ။ မနေ့ညနေက ဆိုက်တယ်။ ဒီနေ့ နေ့လယ် ပြန်ထွက်သွားပြီ ” ဟု နေပြည်တော်သတင်းရင်းမြစ်က ပြောဆိုသည်။
ဓာတ်ပုံ- ရုရှား Aviacon Zitotrans လေကြောင်း လိုင်း၏ ကုန်တင်လေယာဉ် IL76TD ။ (ပုံအဟောင်းဖြစ်သည်)