ရန်ကုန်၊ ဇွန်
အကြမ်းဖက်စစ်ကောင်စီက တော်လှန်ရေးအင်အားစုများကို အနိုင်မရနိုင်တော့ဘဲ စစ်ပွဲများအဆုံးသတ်ပြီး ဒီမိုကရေစီ လမ်းကြောင်း ပြန်သွားရန် အမေရိကန်အကြီးတန်းသံတမန်က တိုက်တွန်းပြောဆိုလိုက်ကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြသည်။
“သူတို့အနိုင်ရနိုင်တယ်လို့ တွေးထင်ထားမှုက တကယ်မြင်ရဖို့ ခက်ခဲပါတယ်၊ စစ်တပ်က နယ်မြေတွေ ဆုံးရှုံးနေတယ်။ စစ်တပ်က ကြီးမားတဲ့ ဆုံးရှုံးမှုတွေရှိနေတယ်” ” ဟု အမေရိကန်နိုင်ငံခြားရေးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet က ပြောသည်။
သောကြာနေ့က ဘန်ကောက်ရှိ Reuters သတင်းဌာန၊ အခြား သတင်းထောက်တစ်ဦးနှင့် စကားပြောရာတွင် မြန်မာစစ်အာဏာရှင်သည် နိုင်ငံတကာတွင်သာမက ပြည်တွင်းတွင်ပါ အထီးကျန်ဖြစ်နေပြီး တိုက်ပွဲကို အဆုံးသတ်၍ ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်သွားသင့်သည်ဟု Chollet က ပြောကြားသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်။
Photo Credit- AP