27 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁၃ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
စစ်ရာဇဝတ်မှု (၂၇၇၈)ခု ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။
– ရန်ကုန်မှာ မနေ့က “တိုင်းပြည်သေဒဏ်သင့်နေသဖြင့် ယနေ့ဘုရားပိတ်သည်” စာတန်းကို ရွှေတိဂုံစေတီတော် စောင်းတန်းမုခ်ဦးဝမှာ ချိတ်ဆွဲကာ ရန်ကုန်လူထုသပိတ်က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ ပါတယ်။

– မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံမှာရှိတဲ့ စစ်ကောင်စီဂိတ်စခန်းကို ၄၀ မမနဲ့ တော်လှန်ရေး အင်အားစု ပူးပေါင်းတပ်ဖွဲ့က မနေ့က ညနေပိုင်းမှာ ပစ်ခတ်ခဲ့တာကြောင့် စစ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။
– ရုရှား အဗားရားခွန်ဇီးတိုထရန်းလေကြောင်းလိုင်းရဲ့ ကုန်တင်လေယာဉ်တစ်စီးဟာ စစ်လက်နက်ဆိုင် ရာပစ္စည်းတွေ သယ်ဆောင်ပြီး နေပြည်တော်လေဆိပ်ကို ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက ရောက်ရှိလာတယ်လို့ စစ်တပ်သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
– အကြမ်းဖက်စစ်တပ်က “လက်နက်အပ်ပြီး ပြည်သူ့ဘဝ ပြန်လည်ရယူရန်” ဆိုပြီး PDF တွေကို ကမ်း လှမ်းမှု အပေါ် စစ်ကျွန်ဘဝနဲ့ ပြန်လည်အရိုးထုတ်စရာ အကြောင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေသာ ပြည်သူ့ ရင်ခွင်မှာ အလင်းဝင်ခိုလှုံကြဖို့ တောင်ငူ PDF က ပြန်လည်ဖိတ်ခေါ် လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းများကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article