30 C
Yangon

လုံခြုံရေးစိတ်မချရ၍ ၀ဏ္ဏမောင်လွင်က သမီးအကြီး တင်သစ္စာလွင်ကို ညွှန်ကြားရေးမှူးရာထူးတိုးဖြင့် နေပြည်တော်သို့ ခေါ်ယူ၊ မြောက်ဒဂုံ ၃၁ ရပ်ကွက်ရှိ တင်သစ္စာလွင် နေအိမ်ကို ဗုံးခိုကျင်းပါ ထည့်သွင်းတည်ဆောက်

Must read

ရန်ကုန်၊ ဇွန် ၁၃

အကြမ်းဖက် စစ်ကောင်စီတွင် နိုင်ငံခြားရေးဝန်ကြီး အဖြစ် မင်းအောင်လှိုင်က ခန့်အပ်ထားသူ ၀ဏ္ဏမောင်လွင်က သူ ၏ သမီးအကြီးဖြစ်သူ ဒေါက်တာတင်သစ္စာလွင်ကို ကျန်းမာရေးဝန်ကြီးဌာနရုံးချုပ်သို့ ညွှန်ကြားရေးမှူး ရာထူးတိုး ဖြင့် နေပြည်တော်သို့ ခေါ်ယူလိုက်ကြောင်း နေပြည်တော်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

၀ဏ္ဏမောင်လွင်တွင် ဒေါက်တာတင်သစ္စာလွင် ၊ လင်းမာလာလွင်(နိုင်ငံခြားရေးဝန်ကြီးဌာန) ၊ လင်းမင်းမောင်လွင် သားသမီး ၃ ဦးရှိပြီး ဒေါက်တာတင်သစ္စာလွင်သည် ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးရာထူးတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။

ဒေါက်တာတင်သစ္စာလွင်နှင့်မိသားစု၏ လုံခြုံရေး စိတ်မချရသဖြင့် ဖခင်၀ဏ္ဏမောင်လွင်က ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာန ဒုတိယဦးစီးမှူးရာထူးမှ နေပြည်တော်၊ ကျန်းမာရေးဝန်ကြီးဌာနရုံးချုပ်၊ တိုးချဲ့ကာကွယ်ဆေးထိုးဌာန၏ ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးမြှင့်ခေါ်ယူခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရန်ကုန်မှာ လုံခြုံရေး စိတ်မချရတော့လို့ နေပြည်တော်ကို ပြောင်းရွှေ့ခွင့်ကို သူ့အဖေ ၀ဏ္ဏမောင်လွင်ကိုယ်တိုင် တင်ပေးပြီး ပြောင်းတယ်။ ဝဏ္ဏမောင်လွင်ရဲ့သမီး ဒေါက်တာတင်သစ္စာလွင်က အခု တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းရဲ့ ညွှန်ကြားရေးမှူးရာထူးရသွားပြီ” ဟု ကျန်းမာရေးဝန်ကြီးဌာနသတင်းရင်းမြစ်က ပြောသည်။

၀ဏ္ဏမောင်လွင်က သားသမီး ၃ ဦးအနက်မှ သမီးအကြီး ဒေါက်တာတင်သစ္စာလွင်အတွက် ရန်ကုန်တိုင်း၊ မြောက်ဒဂုံ ၃၁ ရပ်ကွက်၊ ဇေယျာဒီပ ၁ လမ်းတွင် လက်ရှိ အိမ်အသစ်တစ်လုံးဆောက်လုပ်လျက်ရှိပြီး အိမ်တွင် ဗုံးခိုကျင်းများ၊ အုတ်ရိုးအမြင့်များ ထည့်သွင်းဆောက်လုပ်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ-၀ဏ္ဏမောင်လွင် မိသားစု။ အနီ၀ိုင်းပြထားသူမှာ ဒေါက်တာတင်သစ္စာလွင်ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article